နေပြည်တော်၊ သြဂုတ် ၆
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့ နံနက် ၂ နာရီအချိန် ရှမ်းပြည်နယ်၊ ပင်လုံမြို့နယ်၊ ပင်လုံ-လဲချားကားလမ်း၊ မိုင်တိုင်အမှတ်(၀/၁၅-၁၆)ကြားတွင် လဲချားမှ ပင်လုံဘက်သို့ ပင်လုံမြို့၊ ရပ်ကွက်(၂)နေ ချစ်စိန်(၅၅)နှစ်မောင်းနှင်လာသည့် သရီးကရောင်းထော်လာဂျီယာဉ် တိမ်းမှောက်ခဲ့ သည်။
ထိုသို့ တိမ်းမှောက်မှုကြောင့် ချစ်စိန်တွင် ယာလက်ပြင်ပွန်းဒဏ်ရာနှင့် ယာဉ်ပေါ်တွင်လိုက်ပါ လာသော နေပြည်တော်၊ တပ်ကုန်းမြို့နေ ကျော်မွှေး(၃၀)နှစ်ပါ(၃)ဦး၌ လည်ပင်းရိုးကျိုး၊ ရင်ဘတ် ပွန်းပဲ့ဖူးရောင်၊ ၀မ်းဗိုက်ဖူးရောင်၊ ဦးခေါင်းကျေမွ၊ နှာခေါင်းပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာတွင်သေဆုံးသွားသောကြောင့် ချစ်စိန်အား ပင်လုံနယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096?fref=nf

ထော်လာဂျီယာဉ်တိမ်းမှောက်၍ ၃ ဦးသေ၊ ၁ ဦးဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
19:27
Rating: