မိုဘိုင်းလ်အင်တာနက် ပိုမို လွယ်ကူစွာ ရရှိနိုင်ရေး တယ်လီနော နှင့် ဆမ်ဆောင်းတို့ ဆွေးနွေး

 ရန်ကုန် ၊ ၈-၈-၂၀၁၄

 မြန်မာနိုင်ငံ ၌ မိုဘိုင်းလ် အင်တာနက် ပိုမို လွယ်ကူစွာ ရရှိနိုင်ရေး အတွက် တယ်လီနော မြန်မာ နှင့် ဆမ်ဆောင်းတို့ ပူးတွဲ၍ ဖိတ်ကြား ထားသော ဧည့်သည်များ နှင့်အတူ ဆဋ္ဌမ အကြိမ်မြောက် Net Monday တွင် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တယ်လီနော မြန်မာ မှ ထူးခြား ဆန်းသစ်၍ ဈေးနှုန်း သက်သာသော အင်တာနက် ၀န်ဆောင်မှု အကြောင်း ဆွေးနွေးခဲ့ပြီး ကုန်ကျ စရိတ်ကို ပူပန်စရာ မလိုဘဲ အသုံးပြု နိုင်မည် ဖြစ်ကြောင်း သိရသည်။ တယ်လီနော မှ လက်လှမ်းမီသော ဈေးနှုန်း ၊ သင့်တင့်သည့် ၀န်ဆောင်မှု များနှင့် ဆမ်ဆောင်း မှ မိုဘိုင်းလ် စက်ပစ္စည်းများ မြန်မာနိုင်ငံတွင် အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်သည်။

တယ်လီနော မြန်မာ မှ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က " တယ်လီနော ရဲ့ ပထမ ဦးစားပေး ကတော့ စက်တင်ဘာလ မှာ ၀န်ဆောင်မှု စတင်တဲ့ အခါ အားလုံးအတွက် အသုံးပြု နိုင်တဲ့ ကွန်ရက် တည်ဆောက် ထားခြင်း ဖြစ်တယ် ၊ 3G နဲ့ 2G ကွန်ရက်ကို မြန်မာနိုင်ငံ အတွက် တည်ဆောက် ရခြင်း ဖြစ်ပါတယ် ၊ 2G မိုဘိုင်းလ်ဖုန်း တွေက 3G မိုဘိုင်းလ်ဖုန်း တွေထက် ဈေးနှုန်း သက်သာ ပါတယ် ... " ဟု ပြောကြား ခဲ့သည်။

တယ်လီနော မြန်မာ နှင့် ဆမ်ဆောင်း တို့သည် ၀န်ဆောင်မှုများ ဖွံ့ဖြိုး တိုးတက်ရေး ဆင်းကတ် နှင့် မိုဘိုင်း ဟန်းဆက်ကို ဈေးနှုန်း သင့်တင့် မျှတစွာ ပူးတွဲ ရောင်းချရေး နှင့် အရောင်း မြှင့်တင်ရေး တို့ကို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

မိုးအောင်

#Themyawadydaily
https://www.facebook.com/myawadydaily?fref=ts


မိုဘိုင်းလ်အင်တာနက် ပိုမို လွယ်ကူစွာ ရရှိနိုင်ရေး တယ်လီနော နှင့် ဆမ်ဆောင်းတို့ ဆွေးနွေး  မိုဘိုင်းလ်အင်တာနက် ပိုမို လွယ်ကူစွာ ရရှိနိုင်ရေး တယ်လီနော နှင့် ဆမ်ဆောင်းတို့ ဆွေးနွေး Reviewed by သစ်ထူးလွင် on 15:07 Rating: 5
Powered by Blogger.