မြင်းလှည်းလုပ်ငန်းများ အလုပ်အကိုင်ရှားပါး လာ၍ မြင်းခွာရိုက်လုပ်သားများ ရပ်တည်မှုခက်ခဲလာ

 ယနေ့ခေတ် နိုင်ငံတော်အစိုးရ သစ်လက်ထက်တွင်လူထုလူတန်း စားအသီးသီး၏ မိသားစုတိုင်း၌ အနိမ့်ဆုံးအဆင့် မော်တော်ဆိုင် ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ် လုံး ပိုင်ဆိုင်နိုင်နေကြသည်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု၏ ပြယုဂ် တစ်ခုပင်ဖြစ်သည်။ သို့သော် ထို ဖွံ့ဖြိုးတိုးတက်မှု၏ဒဏ်ကို ရင်စည်း ခံနေကြရသည့် အချို့သော လက် လုပ်လက်စား အလုပ်သမားများ၏ ဘဝများသည်လည်း မရေရာသော အနာဂတ်ဖြင့် ရုန်းကန်လှုပ်ရှားနေ ကြရသည်ကိုတွေ့မြင်နေရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် ယခင်က မြင်းလှည်းခေါ် အနှေး ယာဉ်လုပ်သားများသည် မြို့နယ် အတွင်း မြင်းလှည်းပြေးဆွဲသည့် အလုပ်ဖြင့် ရိုးသားစွာ ကြိုးစား လုပ်ကိုင်ခဲ့ကြပြီး မိသားစုစားဝတ် နေရေးနှင့်သားသမီးများ၏ ပညာ ရေးကို ဖူလုံအောင်ထောက်ပံ့နိုင် ခဲ့ကြသလိုပင် အဆိုပါ မြင်းလှည်း လုပ်ငန်းကို အမှီပြု၍ ဘဝကို ရိုး သားစွာရုန်းကန်နေကြသည့်သူများ လည်းရှိနေပေသေးသည်။ ထို သူများမှာ မြင်းသံခွာရိုက်လုပ် ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများပင်ဖြစ်ပါသည်။ ယခုအခါတွင်မော်တော်ဆိုင်ကယ် များပေါများလာပြီး မော်တော်ဆိုင် ကယ် ကယ်ရီပြေးဆွဲ လုပ်ကိုင်သူ များလည်း တစ်နေ့ထက်တစ်နေ့ များပြားလာသလို၊ ခရီးသည်ရရှိ ရေးကို သူ့ထက်ငါ အပြိုင်လုယူ ခြင်း၊ ဈေးလျှော့ပြေးဆွဲခြင်းများကို စည်းကမ်းမဲ့စွာ လုပ်ဆောင်မှုများ ရှိနေသဖြင့် မြင်းလှည်းယာဉ် လုပ် သားများမှာ တစ်စတစ်စလုပ်ငန်း ဖြုတ်သိမ်းရသည်အထိ ရှိလာကြ ကြောင်း၊ အဆိုပါ မြင်းလှည်း ပြေးဆွဲမှု နည်းပါးလာသည်နှင့်အမျှ မြင်းသံခွာရိုက်လုပ်သားများလည်း အလုပ်အကိုင်နည်းပါးလာပြီး စား ဝတ်နေရေးခက်ခဲ ကျပ်တည်းလာ ကြောင်းသိရသည်။

''ကျွန်တော် ဒီသံခွာရိုက်တဲ့ အလုပ်ကို လုပ်လာတာ ၂၅နှစ် ကျော်ပါပြီ။ သားသမီးလေးဦးကို ဒီအလုပ်နဲ့ လုပ်ကျွေးခဲ့တာပါ။ လွန်ခဲ့တဲ့သုံး၊ လေးနှစ်ကတော့ မိသားစုခြောက်ယောက်ကို ဖူလုံ လောက်င အောင်ကျွေးနိုင်ခဲ့ပါတယ် ဗျာ။ အခုသုံးယောက်က အိမ်ထောင် ကျပြီးခွဲသွားတော့ မိသားစုသုံး ယောက်ပဲရှိတော့တယ်။ ဒါပေမယ့် အခု မလောက်ငတော့ဘူးဗျ။ တစ်နေ့တခြား ကျပ်တည်းလာ တယ်။ မြင်းလှည်းသမားတွေက အလုပ်မဖြစ်ကြတော့ဘူးလေ... အလုပ်မဖြစ်ဆို မြင်းလှည်းက စည်ပင်ကို လုပ်ငန်းလိုင်စင်ဆောင် ရတယ်။ သတ်မှတ်တဲ့ဂိတ်မှာပဲ ထိုးပြီး ခရီးသည်ကို မျှော်ရတယ်။ ဆိုင်ကယ်တွေက ဘာလုပ်ငန်းလိုင် စင်မှမရှိဘူး။ ဘာအခွန်မှဆောင် စရာမလိုဘူး။ ထိုးချင်တဲ့ဂိတ်မှာ ထိုးတယ်။ ဝင်လာတဲ့ ကားနောက် ပြေးလိုက်ပြီးခရီးသည် လုခေါ် တယ်။

ဒီတော့ဂိတ်ထိုးရတဲ့မြင်းလှည်း သမားတွေက ငတ်ပြီပေါ့ဗျာ။ မြင်းလှည်းသမားငတ်တော့ သံခွာ ရိုက်တဲ့သူလဲ ငတ်တာပေါ့ဗျာ...''ဟု ကျောက်ပန်းတောင်းမြို့ ဘူတာ လမ်းတွင်မြင်းခွာရိုက်သူ ဦးဝင်း စိန်က ပြောပါသည်။ အချို့ ဆိုင်ကယ်ကယ်ရီများမှာ မိသားစု စားဝတ်နေရေးအတွက် မဟုတ်ဘဲ တစ်ကိုယ်ရေတစ်ကာယသောက် စားရရုံလောက် ဝင်ရောက်လုပ် ကိုင်သူများပင်ရှိကြောင်း၊ လိုက်ပါ စီးနင်းသည့် ခရီးသည်များအတွက် လည်း ဘာအာမခံချက်မှ မရှိသဖြင့် အလွန်ပင်အန္တရာယ်များကြောင်း၊ တရားဝင်လုပ်ငန်းလိုင်စင်ဖြင့်လုပ် ကိုင်နေကြသည့် မြင်းလှည်းများ ကိုလည်း စည်ပင်သာယာမှ အကာ အကွယ်ပေးသည့်အနေဖြင့် အဆို ပါစည်းကမ်းမဲ့ ဆိုင်ကယ်ကယ်ရီ များကို စစ်ဆေးအရေးယူသင့် ကြောင်း၊ ၄င်းက သူ၏အမြင်ကို လည်း ဆက်လက်ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ကျော်ခန့် က ကျောက်ပန်းတောင်းမြို့နယ် တွင် မြင်းလှည်းစီးရေ ၃၂၄ စီး ခန့်ရှိခဲ့သော်လည်း လုပ်ငန်းခက်ခဲ လာမှုကြောင့် တစ်စတစ်စနည်းပါး လာခဲ့ပြီးယခုနှစ်တွင် ၁၆ဝ ခန့် သာ ကျန်ရှိတော့ကြောင်း၊ မြင်းခွာ ရိုက်သူများအနေဖြင့်လည်း ယခင် က တစ်နေ့လျှင် မြင်းခွာ ၃ဝမှ၅ဝ အတွင်းရိုက်ခဲ့ရသော်လည်း ယခု အခါခွာအလုံးရေ ၁၅ လုံးမှ အလုံး ၂ဝခန့်သာ ရိုက်ရကြောင်း သိရသည်။ အဆိုပါ မြင်းသံခွာများ ကို ရေနံချောင်းမြို့မှ ဝယ်ယူရခြင်း ဖြစ်ပြီး ခွာတစ်လုံးလျှင် ဝယ်ဈေး ကျပ်၂၅ဝဖြစ်ပြီး ခွာတစ်လုံးလျှင် ရိုက်ခကျပ် ၅ဝဝ ရရှိကြောင်း၊ ကျပ် ၂၅ဝအမြတ် ကျန်သဖြင့်တစ်နေ့ လျှင် အနည်းဆုံးအလုံး ၂ဝ ခန့် ရိုက်ရပြီး ငွေကျပ် ၅ဝဝဝ ခန့်ရမှ သာစားဝတ်နေရေးနှင့် ကလေး ကျောင်းစရိတ်အတွက် သင့်တင့် ရုံသာရှိသော်လည်း ယခုအခါ တွင်မူ တစ်နေ့လျှင် ငွေကျပ် ၂၅ဝဝ မှကျပ် ၃ဝဝဝခန့်သာ ဝင်ငွေရရှိ နေပြီး၎င်းတို့အနေဖြင့် မရေရာ တော့သော လုပ်ငန်းကိုပင် မှီခို အားထား လုပ်ကိုင်နေကြရဆဲဖြစ် ကြောင်းသိရသည်။

ကိုနေ(ကျောက်ပန်းတောင်း)
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764


မြင်းလှည်းလုပ်ငန်းများ အလုပ်အကိုင်ရှားပါး လာ၍ မြင်းခွာရိုက်လုပ်သားများ ရပ်တည်မှုခက်ခဲလာ  မြင်းလှည်းလုပ်ငန်းများ အလုပ်အကိုင်ရှားပါး လာ၍ မြင်းခွာရိုက်လုပ်သားများ ရပ်တည်မှုခက်ခဲလာ Reviewed by သစ်ထူးလွင် on 15:53 Rating: 5
Powered by Blogger.