မြန်မာအသင်းက အရှေ့တီမောကို ၃-၁ ဂိုးဖြင့် အနိုင်ရ

 ဘရူနိုင်းနိုင်ငံမှာ ပြုလုပ်နေတဲ့ ဘရုနိုင်း ဘုရင့်ဖလား ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ ပွဲစဉ်ကို သြဂုတ် ၁၀ ရက်နေ့က ယှဉ်ပြိုင်ရာမှာ မြန်မာယူ ၁၉  အသင်းက အရှေ့တီမော အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီနိုင်ပွဲကြောင့် မြန်မာ အသင်းက အုပ်စုတွင်းမှာ ၆ မှတ်ရပြီး ဦးဆောင်နေပါတယ်။

မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲတုန်းက လည်း လက်ရှိချန်ပီယံ ထိုင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရထားလို့ အုပ်စုကနေ တက်ဖို့ အလားအလာ ကောင်းနေပါတယ်။

အုပ်စု တတိယပွဲစဉ်အဖြစ် သြဂုတ် ၁၂ ရက်နေ့မှာ လာအိုအသင်း၊ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ သြဂုတ် ၁၇  ရက်နေ့မှာ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

http://burmese.dvb.no/archives/62104


မြန်မာအသင်းက အရှေ့တီမောကို ၃-၁ ဂိုးဖြင့် အနိုင်ရ  မြန်မာအသင်းက အရှေ့တီမောကို ၃-၁ ဂိုးဖြင့် အနိုင်ရ Reviewed by သစ်ထူးလွင် on 17:03 Rating: 5
Powered by Blogger.