နေပြည်တော်၊ သြဂုတ် ၃
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ ကလော မြို့နယ်၊ ဘော်ဆိုင်းကျေးရွာတွင် ကျောက်မိုင်းခွဲရာမှ လူတစ်ဦး ထိမှန်သေဆုံး သွားကြောင်း သတင်းအရ ဟဲဟိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ဘော်ဖြူတောင်၊ တော့တမ်းစတားကုမ္ပဏီ၏ အမှတ်(၂)လိုင်းကျယ်လုပ်ကွက်၌ အနက်ပေ (၃၀)ခန့်တွင် ကျောက်မိုင်းခွဲရန် ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာနေ ဦးအောင်နိုင်(၄၀)နှစ်နှင့် တစ်ရွာ တည်းနေ အောင်မျိုး(၃၀)နှစ်တို့ ၂ ဦးသည် ကျင်းအတွင်းသို့ဆင်းကာ ကျောက်မိုင်း ၂ လုံးအား တပ်ဆင်၍ခွဲရာ ၁ လုံးမှာပေါက်ကွဲပြီး ကျန်(၁)လုံးမှာပေါက်ကွဲခြင်းမရှိသဖြင့် ဦးအောင်နိုင်မှ ကျင်းအတွင်းသို့ ဆင်းကြည့်စဉ် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပေါက်ကွဲမှုကြောင့် ဦးအောင်နိုင်တွင် ယာပေါင်ရင်း စူးဝင်ဒဏ်ရာ ၂ ချက်ရရှိ သတိလစ်နေသဖြင့် ပင်းတယမြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ရရှိသောဒဏ်ရာများနှင့် သေဆုံးသွားသောကြောင့် ဟဲဟိုးနယ်မြေ ရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

ဓါတ်ပုံ - အင်တာနက် |
ကျောက်မိုင်းမကွဲသဖြင့် ဆင်းကြည့်စဉ် ပေါက်ကွဲထိမှန်၍ သေဆုံး
Reviewed by သစ်ထူးလွင်
on
22:39
Rating: