အီဘိုလာ ကာကွယ်ဆေးကို မကြာခင် လူတွေမှာ စမ်းသပ်တော့မယ်

 အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကို ​ကာကွယ်နိုင်မယ့် ​ကာကွယ် ဆေးတွေကို ​မကြာခင်မှာပဲ ​လူတွေပေါ် ​စမ်းသပ် တော့မယ်လို့ ​သိရပါတယ်။

ဗြိတိန်နိုင်ငံက ​GSK ​ဆေးထုတ်လုပ်သူတွေနဲ့ ​အမေရိကန် ​သိပ္ပံပညာရှင်တွေ ​ပူးပေါင်းပြီး ​တိရိစ္ဆာန် တွေပေါ်ကို ​စမ်းသပ်ရာမှာ ​အောင်မြင်မှု ​ရတဲ့အတွက် ​လူသားတွေအပေါ် ​စမ်းသပ်ဖို့ ​စီစဉ်နေတာ ​ဖြစ်ပါတယ်။

အမှန်မှာတော့ ​အဲဒီဆေးတွေကို ​နောက်နှစ်တွေကြမှ ​လူသားတွေအပေါ် ​စမ်းသပ်ဖို့ ​စီစဉ်ကြပေမယ့် ​အခုလောလောဆယ် ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးက ​ပျံ့နှံ့နေတဲ့အတွက် ​စက်တင်ဘာလလောက်မှာ ​စမ်းသပ်မှု ​စတင်နိုင်တယ်လို့ ​ပြောဆိုကြတာ ​ဖြစ်ပါတယ်။ ​ပထမအဆင့် ​စမ်းသပ်မှု ​အောင်မြင်ရင်တော့ ​၂၀၁၅ ​ခုနှစ်ကြရင် ​ကျယ်ကျယ်ပြန့်ပြန့် ​ပေးနိုင်လိမ့်မယ်လို့ ​မျှော်လင့်နေကြပါတယ်။

အီဘိုလာ ​ဗိုင်းရပ်စ်ပိုးဟာ ​ထင်ထားတာထက် ​ဆိုးဝါးနေတဲ့အတွက် ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ​အရေးပေါ် ​အခြေအနေ ​ကြေညာခဲ့ရပါတယ်။

အခုလောလောဆယ် ​အီဘိုလာ ​ရောဂါပိုး ​ကူးစက်ခံရသူ ​၁၈၀၀ ​ကျော်ရှိပြီး ​ကူးစက်ခံရသူ ​၅၅% ​ကနေ ​၆၀% ​လောက် ​သေဆုံးခဲ့ပြီ ​ဖြစ်ပါတယ်။

ကူးစက်ခံရမှုတွေ ​ပိုများနိုင်တယ်လို့လည်း ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ခန့်မှန်းထားပါတယ်။

ရောဂါပြန့်ပွားနေတဲ့အတွက် ​လိုင်ဘေးရီးယားနိုင်ငံ ​ဘုရားကျောင်းလိုနေရာမှာ ​လူစုလူဝေး ​မလုပ်ကြဖို့ ​အစိုးရက ​ညွှန်ကြားထားတာကို ​ဆန့်ကျင်တဲ့အနေနဲ့ ​ဘုရားရှိခိုးကျောင်းတွေမှာ ​စုဝေးပြီး ​ဝတ်ပြုဆုတောင်းပွဲတွေ ​ပြုလုပ်ခဲ့ကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-11/1355026

အနောက်အာဖရိကမှာ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိသွား (Credit: Reuters) 

အီဘိုလာ ကာကွယ်ဆေးကို မကြာခင် လူတွေမှာ စမ်းသပ်တော့မယ်  အီဘိုလာ ကာကွယ်ဆေးကို မကြာခင် လူတွေမှာ စမ်းသပ်တော့မယ် Reviewed by သစ်ထူးလွင် on 06:22 Rating: 5
Powered by Blogger.