နေပြည်တော်၊ ဩဂုတ် ၂
၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၉)ရပ်ကွက်၊ ရွှေဘိုလေးကွေ့လမ်းဆုံ၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ် (၁၇၅/၄-၅)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ တောင်ငူမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့ဦးရပ်ကွက်နေ နေသူအောင် (၂၅)နှစ် မောင်းနှင်ပြီး ကျောက်ဆည်မြို့၊ တံစို့ဂိတ်ရပ်ကွက်နေ သိန်းထွေး(၃၀)နှစ်လိုက်ပါလာသည့် 2H/xxxxx ဖူဆို(၁၂)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဆွမ်းခံကြွလာသော သံဃာတော်များအား ဝင်ရောက်တိုက်မိရာ တောင်ငူမြို့၊ (၉)ရပ်ကွက်၊ ဆုတောင်းပြည့်ကျောင်းတိုက်နေ ဥူးအာစာရ သက်တော်(၅၅)နှစ်၊ ဝါတော်(၃)ဝါတွင် ဦးခေါင်းကြေမွ၊ ခြေနှစ်ဖက်ကျိုး၊ ခါးကျိုးဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင်သေဆုံးသွားခဲ့ပြီး တစ်ကျောင်းတည်းနေ ဥူးသူရိယ သက်တော်(၅၈)နှစ်၊ ဝါတော်(၁)ဝါပါ သံဃာ ၂ ပါး၌ ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ နေသူအောင်အား တောင်ငူမြို့မရဲစခန်း ယာဉ်(ပ)၂၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

အရှိန်မထိန်းနိုင်သောယာဉ်မှ ဝင်ရောက်တိုက်မိ၍ သေဆုံး၊ ဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
21:07
Rating: