အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် နယ်ခြားစောင့်တပ်ဖွဲ့(BSF) နှင့် မီဇိုရမ်ပြည်နယ် ထောက် လှမ်း ရေး ပူးပေါင်းတပ်ဖွဲ့က မြန်မာနိုင်ငံမှ ၀င်ရောက်လာသော လက်နက် ၅ လက် နှင့် ကျည်ဆံ ၅ ထောင်ကျော်ကို ယမန်နေ့ က ဖမ်းဆီးရမိသည်။
ကြိုတင်သတင်းရရှိထားချက်အရ အဆိုပါပူးပေါင်းတပ်ဖွဲ့သည် အိုင်ဇောလ်ခရိုင် Lengpui ရွာအနီးတွင် maxi-cab ကားအမျိုးစား MZ-01 J-0274 ရှာဖွေစစ်ဆေးရာတွင် ကားထဲတွင်လိုက်ပါလာသူ Chakma လူမျိုး ၅ ဦး နှင့်အတူ AK-47 အမျိုးစားသေနတ် ၅ လက် နှင့် ကျည်ဆံ ၄၀၀၀၊ M-16 ကျည်ဆံ ၁၁၀၀၊ လက်ကိုင်ဖုန်း ၁၀ လုံး နှင့် ရူပီးငွေ ၆ သောင်းကျော်ကို ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်သည်။
မီဇိုရမ်ထောက်လှမ်းအရာရှိတစ်ဦး၏ပြောဆိုချက်အရ အဆိုပါလက်နက်များသည် မြန်မာနိုင်ငံမှတဆင့် မီဇိုရမ်ပြည် နယ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ တင်ပို့ရောင်းချရန်ဖြစ်သည်ဟု သိရ သည်။
Khonumthung News Group.
http://www.khonumthungburmese.org/?p=4198

အိန္ဒိယ-မြန်မာနယ်စပ်တွင် လက်နက် ၅ လက်နှင့် ကျည်ဆံ ၅၀၀၀ ကျော်ဖမ်းမိ
Reviewed by သစ်ထူးလွင်
on
17:22
Rating: