ချင်းပြည်နယ်တွင် ဂျပန်စစ်သားများ၏ ရုပ်ကြွင်း ရှာဖွေမှုစတင်

 ဒုတိယ ကမ္ဘာစစ်အတွင်း အိန္ဒိယ- မြန်မာနယ်စပ် Imphal ၊ MoRe ဒေသမှာ ဗြိတိသျှတပ်တွေနဲ့ တိုက်ပွဲတွေဖြစ် ပွါးခဲ့ပြီး ချင်းတောင်မှာ ဂျပန်စစ်သား အလုံးအရင်း ကျဆုံးခဲ့တဲ့ နေရာတွေကို   သြဂုတ်လ (၁) ရက်နေ့ မှ (၇) ရက်နေ့  အထိ ရုပ်ကြွင်း ရှာဖွေရေး အဖွဲ့ က ရှာဖွေလေ့ လာမှု ပြုလုပ်ခဲ့ကြပါတယ်၊

လာမည့်နှစ်တွင် ကျရောက်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ် ကျင်းပဖို့ စီစဉ်နေတဲ့ ဂျပန်အစိုးရက စစ်အတွင်း ချင်းတောင်စစ်မျက်နှာမှာ ကျဆုံးခဲ့တဲ့ ဂျပန်စစ်တပ်များရဲ့ ရုပ်ကြွင်းတွေကို မိခင်နိုင်ငံ ပြန်ပို့နိုင်ဖို့ ရုပ်ကြွင်းရှာဖွေရေး အဖွဲ့ ဟာ ယခုလဆန်းပိုင်းက  ချင်းပြည်နယ်ကို ရောက်ရှိခဲ့ကြတာပါ၊

” ဗြိတိသျှတွေရဲ့ ဒုတိယကမ္ဘာစစ် တိုက်ပွဲမှတ်တမ်းမှာ ဗြိတိသျှ နဲ့ ဂျပန်တွေရဲ့ ချင်းတောင်စစ်မျက်နှာဟာ  ဒုတိယ ကမ္ဘာစစ်အတွင်း တိုက်ပွဲ အားလုံးထဲက ပင်လယ်မြေ မျက်နှာပြင် အမြင့်ဆုံး မြေပြင် စစ်ကြောင်း တိုက်ပွဲဖြစ်ကြောင်း ဖော်ပြကြတယ် ” လို့ ဒေသခံဖြစ်သူ ပူး ဟောက်ကန် က ပြောခဲ့ပါတယ်၊

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်စစ်သားတွေ အများဆုံး ကျဆုံးတဲ့နေရာဟာ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်၊ တွန်းဇံမြို့ နှင့် အိန္ဒိယ နိုင်ငံ အင်ဖားတလျှောက်ဖြစ်ပြီး ၄င်းတို့ ရုပ်ကြွင်းတွေ ပြန်လည် ရရှိရေးအတွက်  ကွင်းဆင်း လေ့လာခဲ့ကြောင်း၊ ရုပ်ကြွင်း အစုလိုက်အပြုံလိုက် မြှပ်နှံထားတဲ့ နေရာကို ဦးစားပေးရှာဖွေနေပြီး တွေ့ ရှိမှု အခြေအ နေကို ဂျပန်အစိုးရထံ အစီရင်ခံတင်ပြ သွားမည်ဖြစ်ကြောင်း သြဂုတ် (၈)ရက်နေ့ထုတ် ကမာရွတ် မီဒီယာကလည်း ဖော်ပြထားပါတယ်၊

ဂျပန်အစိုးရဟာ ယခင်ကတည်းက  မြန်မာနိုင်ငံမှာ ဂျပန်စစ်သား ရုပ်ကြွင်းရှာဖွေမှုများပြုလုပ်ခဲ့ပေမဲ့လည်း ပြည်တွင်း လူမျိုး စု တော် လှန်ရေး လက်နက်ကိုင် ပဍိ ပက္ခကြောင့် စစ်အစိုးရက ရှာဖွေခွင့် ပိတ်ပင်ခဲ့ကာ အစိုးရသစ်လက်ထက် မှာပဲ  တောင် တန်းဒေသ တွေမှာ ပထမဆုံး ရှာဖွေခွင့်ရရှိတာဖြစ်ပါတယ်၊

သမိုင်းမှတ်တမ်းများအရ ၁၉၄၃ ခုနှစ်၊ မတ်လအတွင်း ဂျပန်စစ်သား (၃) သိန်းခန့် အိန္ဒိယ နိုင်ငံကို ကျုးကျော်ဖို့ ချင်းပြည် နယ် မြောက်ပိုင်းကို ဖြတ်ပြီး Imphal မြို့  အသွား ဗြိတိသျှ မဟာမိတ်တပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲ တွေဖြစ်ပွားခဲ့ရာမှာ ရှုံးနိမ့် ခဲ့ပြီး အစာရေစာ ပြတ်လပ်မှု၊ ရောဂါဘယဖြစ်မှုနဲ့ ဒုက္ခရောက် သေဆုံး ခဲ့ကြကြောင်း သိရပါ တယ်၊

အင်ဖားတိုက်ပွဲမှာ ဂျပန်တပ်တွေ ငတ်မွတ်ပြီး ရှေ့ ဆက်တိုး၍ မရတော့တဲ့အတွက် တီးတိန် – အင်ဖား လမ်း တ လျှောက် အများအပြားသေဆုံးခဲ့တာကို တွေ့ကြုံခဲ့သူ အသက် (၉၁) နှစ် အရွယ် တွန်းဇံဒေသခံ၊ ဦး နန်ဇာခန်က တိုက်ပွဲကြောင့် ရွာသားတွေ တောထဲမှာ ပုန်းကုန်တော့ အစားအစာတွေ supply တွေ လုံးဝမရတော့တဲ့ အ တွက် ဂျပန် တွေ ငတ်တာနဲ့ သေသွားတာ၊ အနာအဆာနဲ့  သေသွားတာရှိတယ် လို့ ပြောကြောင်း ကမာရွတ်မီဒီက ဆက်ဆိုပါတယ်၊

Khonumthung News Group
http://www.khonumthungburmese.org/?p=3942


ချင်းပြည်နယ်တွင် ဂျပန်စစ်သားများ၏ ရုပ်ကြွင်း ရှာဖွေမှုစတင်  ချင်းပြည်နယ်တွင် ဂျပန်စစ်သားများ၏ ရုပ်ကြွင်း ရှာဖွေမှုစတင် Reviewed by သစ်ထူးလွင် on 11:05 Rating: 5
Powered by Blogger.