ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် အောင်နိုင်ရေးကော်မတီများ ဖွဲ့စည်းနေဟု အန်အယ်လ်ဒီပြော

 လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟို၊ ပြည်နယ်နဲ့ တိုင်းအဆင့် အောင်နိုင်ရေး ကော်မတီတွေ ဖွဲ့စည်းပြီးကြောင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့် အောင်နိုင်ရေး ကော်မတီတွေ ဆက်လက်ဖွဲ့စည်းနေတယ်လို့ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

အဖွဲ့ချုပ်အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် အောင်နိုင်ရေးလုပ်ငန်းစဉ်တွေ စတင်နေပြီလားလို့ မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နေရာအားလုံး ၀င်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ကျင်းပမယ့်ရက်နဲ့ အချိန်ကို ၂ လအတွင်း ကြိုတင် ကြေညာပေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/61932


ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် အောင်နိုင်ရေးကော်မတီများ ဖွဲ့စည်းနေဟု အန်အယ်လ်ဒီပြော  ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် အောင်နိုင်ရေးကော်မတီများ ဖွဲ့စည်းနေဟု အန်အယ်လ်ဒီပြော Reviewed by သစ်ထူးလွင် on 14:40 Rating: 5
Powered by Blogger.