မလေးရှား အစိုးရဟာ အခုနှစ်ထဲမှာ ခရီးသည်တင် လေယာဉ် ၂စီး ဆုံးရှုံးခဲ့ရတဲ့ မလေးရှား လေကြောင်း ကုမ္ပဏီကို ပြန်လည် ပြင်ဆင် မွမ်းမံဖို့အတွက် ကုမ္ပဏီကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး စီစဉ် ဆောင်ရွက်နေပါတယ်။
မလေးရှား လေကြောင်း ကုမ္ပဏီကို အစုရှယ်ယာ ဈေးကွက် စာရင်းကနေ ဖယ်ရှားမှာ ဖြစ်ပြီး နိုင်ငံပိုင် ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီ အဖြစ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။
အရင်က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းကိုသာ အစိုးရက ပိုင်ဆိုင်ထားတာ ဖြစ်ပြီး အခုတော့ ရှယ်ယာ အားလုံးကို အစိုးရက ပြန်လည် ဝယ်ယူမှာ ဖြစ်ပါတယ်။
မလေးရှား လေကြောင်း ကုမ္ပဏီဟာ အခုနှစ်အတွင်း လေယာဉ် ၂ စီး မဆုံးရှုံးရခင် ကတည်းက ငွေကြေး အခက်အခဲတွေ ရှိနေပြီးသား ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/08/140808_malaysia_airlines_state_takeover.shtml

လေယာဉ် ၂ စီး ဆုံးရှုံးပြီးနောက် ကုမ္ပဏီရဲ့ အနာဂတ်ကို စိုးရိမ်လာကြ |
မလေးရှား လေကြောင်းကို နိုင်ငံပိုင် ပြောင်းမယ်
Reviewed by သစ်ထူးလွင်
on
21:39
Rating: