ရန်ကုန်၊ သြဂုတ် ၅
၅.၈.၂၀၁၄ ရက်နေ့ ၀၇၅၀ အချိန်တွင် သာကေတမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သာကေတမြို့နယ်၊ ၂/မြောက် ရပ်ကွက်၊ သဒ္ဒါလမ်းနှင့် အနော်မာလမ်း ထောင့်ရှိ ထရန်စဖော်မာတွင် အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ၎င်းရပ်ကွက်နေ ဇာနည်၊ (၄၅)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် အရက်အလွန်အကျွံသောက်သဖြင့် စိတ်မူ မမှန်သူတစ်ဦးဖြစ်ကြောင်းနှင့် ၀၇၄၅ အချိန်ခန့်က သံဇကာဖြင့် ကာရံထားသော အဆိုပါ ထရန်စဖော်မာဝင်းအတွင်းသို့ ၀င်ရောက်၍ ဗို့အား(၆၆၀၀)ရှိလျှပ်စစ် ဓါတ်ကြိုးကို ကိုင်တွယ်ခဲ့သဖြင့် ဓါတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သာကေတမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၂၀/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

ထရန်စဖော်မာဝင်းအတွင်း ၀င်ရောက်ခဲ့သူ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး
Reviewed by သစ်ထူးလွင်
on
18:25
Rating: