မြန်မာပြည်ချန်ပီယံ စိန်ခေါ်ပွဲကျင်းပမည်

ရန်ကုန် သြဂုတ် ၆

  မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ ချုပ်ကကြီးမှူးပြီး T & T Group, Naing Moe Entertainment နှင့်VICTORY Myanmar Co.,ltd. တို့စီစဉ်ကျင်းပသည့် မြန်မာ့ရိုးရာ လက်ဝှေ့ မြန်မာပြည်ချန်ပီယံစိန် ခေါ်ပွဲကို ယခုလ ၁၇ ရက်တွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစား ခန်းမ၌ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတွင် အဓိကစိန်ခေါ် ပွဲအဖြစ် ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် တူးတူး(နဂါးမာန်)က လက်ရှိ မြန်မာပြည်ချန်ပီယံ စောငမန်း (ရွှေ ဖူး)ကို စိန်ခေါ်ယှဉ်ပြိုင်မည်ဖြစ် ကြောင်းသိရသည်။ အဆိုပါပွဲတွင် ဆယ်စုနှစ်တစ်ခုထိအောင်မြင်မှု ရရှိခဲ့သည့် ရွှေဝါထွန်း(ရွှေသောင် ရင်း)နှင့် လုံးချော(သတ္တိ)တို့ ပွဲကို လည်း အထူးပွဲအဖြစ် ထည့်သွင်း စီစဉ်ထားကြောင်းသိရသည်။

''ဒီပွဲကိုစီစဉ်ဖြစ်တာကတော့ ပရိသတ်တော်တော်များများက ထွန်းထွန်းမင်းနဲ့ စောငမန်းကို အာရုံကျနေကြပါတယ်။ တူးတူး ဆိုတာလဲ ထိုးနိုင်တဲ့အရည်အချင်း ရှိတယ်။ လူငယ်လဲဖြစ်တယ်။ တက်လမ်းလဲအများကြီးရှိတယ်။ တူးတူးလဲ မြန်မာနိုင်ငံရဲ့ ချန်ပီယံ ဖြစ်ခွင့်ရှိတယ်ဆိုတဲ့သဘောနဲ့ပါ။ ကိုရွှေဝါထွန်းနဲ့လုံးချောကလဲ ကို ရွှေဝါထွန်းက လွန်ခဲ့တဲ့ ၁ဝ နှစ် လောက်ကတည်းက ဆယ်စုနှစ် ချန်ပီယံတစ်ယောက်ဖြစ်ခဲ့တဲ့ အတွက် အရမ်းလေးစားပါတယ်။ ဒီပွဲကိုထည့်တာက ကိုလုံးချောရဲ့ သတ်လုံးသတ်ကွက်နဲ့ ကိုရွှေဝါ ထွန်းရဲ့သတ်လုံးသတ်ကွက်တွေကို ဒီဘက်ခေတ်လက်ဝှေ့သမားတွေ၊ ပရိသတ်တွေသိစေချင်လို့ ချပြ ချင်တဲ့ရည်ရွယ်ချက်နဲ့စီစဉ်တာ ပါ''ဟု ပွဲစီစဉ်သူ T&T group မှ ဦးစိုးသန်းဝင်းကပြောသည်။

၎င်းပြိုင်ပွဲတွင် တွဲဆိုင်းစုစု ပေါင်းရှစ်ဆိုင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ် ပြီး ပါဝင်မည့်တွဲဆိုင်းများမှာ စော ရွှေကျော်(ရွှေဖူး)နှင့် စောလယ် ပွယ်ထူး(T&T)၊ သားအသဲတစ် ပွင့်(စွမ်းကေကေ)နှင့် အားမာန်(T&T)၊ ရွှေဝါထွန်း(ရွှေသောင်ရင်း) နှင့်လုံးချော(သတ္တိ)၊ ဖိုးလပြည့် (ရွှေဖူး)နှင့် စောအယ်လေး (ထော့ မဲပါ)၊ကျားပေါက်(ရွှေသောင် ရင်း)နှင့်ရဲတံခွန်(အလင်းရောင်)၊ ရဲရင့်အောင်(နဂါးမာန်)နှင့် စောဂ ပရေမှူး(ထော့မဲပါ)၊ ထွန်းထွန်း (ဝါဆို)နှင့် စောဂေါ်မူတို (သတ္တိ)၊ စောငမန်း(ရွှေဖူး)နှင့် တူးတူး (နဂါး မာန်)တို့ဖြစ်ကြောင်းသိရသည်။

''ဒီပွဲမှာ ပထမဆုံးအကြိမ် အဖြစ် ရိုးရာလက်ဝှေ့ကို ကိုယ်တိုင် ကိုယ်ကျရုံထဲမှာလာရောက်ကြည့်ရှု သူတင်မကဘဲ အွန်လိုင်းမှတစ်ဆင့် ရိုးရာလက်ဝှေ့အကြောင်း ပါဝင် ရေးသား အကောင်အထည်ဖော် ပေးကြသူတွေအတွက်ကိုလဲ လာ ကြည့်မယ်ဆိုရင် Online လက် ဝှေ့ကောင်တာ ထားရှိမှာဖြစ်ပါ တယ်။ အဲဒီမှာ အင်မတန်မှသက် သာပါတယ်ဆိုတဲ့ ကျပ် ၅ဝဝဝ ထက် သက်သာတဲ့ဈေးနှုန်းကို လျှော့ချပေးသွားဖို့ စီစဉ်ထားရှိ ပါတယ်''ဟု ပွဲစီစဉ်သည့် Naing Moe Entertainment မှ ကိုအောင်နိုင်မိုးကပြောသည်။

လက်မှတ်ဈေးနှုန်းများမှာ ကျပ်၂ဝဝဝဝ၊ ကျပ် ၁၅ဝဝဝနှင့် ကျပ် ၅ဝဝဝသတ်မှတ်ထားပြီး ပြိုင်ပွဲသို့လာရောက်ကြည့်ရှုသူများ ထဲမှ ပထမဆုံးရောက်ရှိလာမည့် အထူးတန်းလူအယောက် ၂ဝဝနှင့် ရိုးရိုးတန်းအယောက် ၄ဝဝတို့အား မြန်မာပြည်ချန်ပီယံစောငမန်းနှင့် စိန်ခေါ်သူတူးတူးတို့ ရုပ်ပုံပါဝင် သည့် T.Shirt များ လက်ဆောင် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဆုလဲ့ဝင့်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764


မြန်မာပြည်ချန်ပီယံ စိန်ခေါ်ပွဲကျင်းပမည်  မြန်မာပြည်ချန်ပီယံ စိန်ခေါ်ပွဲကျင်းပမည် Reviewed by သစ်ထူးလွင် on 16:17 Rating: 5
Powered by Blogger.