မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ စာတိုက်လုပ်ငန်း က ငွေပို့ခများ လျှော့ချ ကောက်ခံသွားမည်

နေပြည်တော် ၊ ၂၈-၈-၂၀၁၄

ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၊ စာတိုက်လုပ်ငန်း က ကျေးလက်နေ ပြည်သူများ ဆင်းရဲမှု လျော့ချရေး အတွက် အထောက် အကူ ဖြစ်ရေန် ရည်ရွယ်၍ ငွေပို့ ငွေလွှဲ ကိစ္စရပ် များကို ဆောင်ရွက်သော အခါ မြန်မာပြည် အနှံ့ တိုင်းဒေသကြီး ၊ ပြည်နယ် များတွင် ဖြန့်ကြက်လျက် ရှိသည့် ရိုးရိုး ငွေပို့လွှာ လုပ်ငန်း စာတိုက်ရုံးပေါင်း ၇၈၂ ရုံးနှင့် အမြန် ငွေပို့လွှာ လုပ်ငန်း စာတိုက်ရုံး ပေါင်း ၃၀၉ ရုံးတို့တွင် ငွေပို့ခ နှုန်းထားများကို ယခင် ပို့ငွေ ၁၀၀ ကျပ် လစဉ် ပို့ခ ၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိရာမှ သုံးစွဲသူ ပြည်သူများအား အထူး သက်သာသော နှုန်းထားဖြင့် ၀န်ဆောင်မှု ပေးနိုင်ရန် အတွက် ၁-၉-၂၀၁၄ ရက်နေ့ မှစ၍ ငွေပို့ခ များကို အောက်ဖော်ပြပါ နှုန်းထားများ အတိုင်း လျှော့ချ ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

( အမြန်ငွေပို့လွှာ အတွက် FAX အသုံးပြုခ မှာ ငွေပို့လွှာ တစ်စောင်လျှင် ၂၀၀ ကျပ်နှုန်း ကောက်ခံမည် ဖြစ်ပါသည်။ )

#Themyawadydaily
https://www.facebook.com/myawadydaily?fref=ts


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ စာတိုက်လုပ်ငန်း က ငွေပို့ခများ လျှော့ချ ကောက်ခံသွားမည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ စာတိုက်လုပ်ငန်း က ငွေပို့ခများ လျှော့ချ ကောက်ခံသွားမည် Reviewed by သစ်ထူးလွင် on 02:50 Rating: 5
Powered by Blogger.