ပဲခူးရေကြီးမှု ကလျာဏီသိမ်တော်တွင် လူပေါင်း၆ဝဝကျော် နေရာချပေးထား

 ရန်ကုန် သြဂုတ် ၅

 ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ အချို့သော မြို့များ၌ ရေလွှမ်းမိုးမှု အလားအလာများ ဆက်လက်မြင့် မားနေကြောင်း နာဆာဂြုင်္ိဟ်တုမှ တိုင်းတာချက်များ အရ သိရသည် ဟု မိုးလေဝသ ပညာရှင်အချို့က ပြောသည်။
ထိုသို့ ရေလွှမ်းမိုးမှုများ ဖြစ် ပေါ်ရခြင်းမှာ မိုးများသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့်ဖြစ်ပြီး၂၄နာရီ အတွင်း မိုးရေချိန် ၁လက်မခွဲ အထိရွာသွန်းခဲ့သော ဒေသများမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် အလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့်မကွေးတိုင်းဒေသ ကြီးတောင်ပိုင်းစွန်းတို့ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောကြားသည်။

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်ရှိ ကျေးရွာများ အထူးသဖြင့် ကွင်း ကောက်ဒေသတွင် ယခုလ ၂ရက် နှင့်၃ရက်များတွင်ရွာသည့်မိုးကြောင့် ရေကြီးလျက်ရှိပြီး ကျေးရွာအများ အပြား ရေဘေးဒုက္ခကြုံတွေ့နေရ ကြောင်းသိရသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး ရပ်ကွက်အချို့တွင် ရေလွှမ်းမိုး နစ်မြုပ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံပြည်သူများက ပြည် ထောင်စုနေ့စဉ်သို့ပြောသည်။
အဆိုပါ ရေလွှမ်းမိုးမှုကြောင့် ကလျာဏီရပ်ကွက်အတွင်းရှိ မဟာကလျာဏီသိမ်တော်ကြီးအ တွင်း ဒုက္ခသည်စခန်း ဖွင့်လှစ် ထားပြီး အိမ်ထောင်စု ၁၂၅စု၊ လူဦးရေ ၆ဝ၉ဦးကို ကူညီစောင့် ရှောက်ပေးထားကြောင်း မဟာ ကလျာဏီဆရာတော်ထံမှသိရ သည်။

အဆိုပါ ရေကြီးမှုများမှာ ပဲခူး တိုင်းဒေသကြီး ရေကျော်ရပ်ကွက် သမဆိပ်ကမ်းလမ်းရှိ အိမ်ခြေ ၃ဝဝကျော် ရေနစ်မြုပ်နေပြီး ထိုသို့ရေနစ်မြုပ်နေသည်မှာ ရက် ပေါင်း ၂ဝနီးပါးရှိပြီဖြစ်ကာ ပဲခူး တိုင်းဒေသကြီးအတွင်းရှိ ရေလွှမ်း မိုးမှုဖြစ်ပေါ်နေသောနေရာများ ထက်အဆိုးရွားဆုံးဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
''ဒါက နှစ်တိုင်းဖြစ်နေကျပါ။ တစ်ခါရေကြီးရင် တစ်လလောက် ကြာတတ်ပါတယ်။ ဆည်ကနေ နောက်ထပ်ရေလေးလက်မလောက် ထပ်ပြီး ဖောက်ချဦးမယ်လို့ ကြား ပါတယ်။ ခုလောလောဆယ်မှာ တော့ သွားရေးလာရေးက လှေ တွေနဲ့ပဲသွားနေရတော့ တစ်နေ့ တစ်နေ့ကို ရှာသမျှက လှေဖိုးနဲ့ပဲ ကုန်နေပါတယ်''ဟု ရေကျော် ရပ်ကွက်သားတစ်ဦးကဆိုသည်။

စိုးစိုးစံ
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

ပဲခူးမြို့ ရပ်ကွက်တစ်ခု၌ ရေကြီးနေသည်ကို သြဂုတ် ၅ရက်ကတွေ့ရစဉ်။


ပဲခူးရေကြီးမှု ကလျာဏီသိမ်တော်တွင် လူပေါင်း၆ဝဝကျော် နေရာချပေးထား   ပဲခူးရေကြီးမှု ကလျာဏီသိမ်တော်တွင် လူပေါင်း၆ဝဝကျော် နေရာချပေးထား Reviewed by သစ်ထူးလွင် on 16:28 Rating: 5
Powered by Blogger.