ရန်ကုန်၊ သြဂုတ် ၂၄
၂၃.၈.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် အင်းစိန်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံသို့ လူတစ်ဦး ဓါတ်လိုက်သေဆုံး ရောက်ရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အင်းစိန်မြို့နယ်နေ ကိုကျော်ထွန်းအေး၊ (၄၅)နှစ်ဖြစ်ပြီး ပြင်ပဒဏ်ရာမတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၁၂၃၀ အချိန်ခန့်က နေအိမ်၌ တီဗီ အင်တာနာကြိုး တပ်ဆင်စဉ် ဓါတ်လိုက်ခံရပြီးလဲကျသွားသဖြင့် အင်းစိန်ဆေးရုံသို့ ပို့အပ်ခဲ့ရာ ၁၃၀၀ အချိန်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အင်းစိန်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၅၈/၂၀၁၄) ဖြင့်ရေးဖွင့် ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police
https://www.facebook.com/yangonpolice

တီဗီအင်တာနာကြိုးတပ်ဆင်ရာမှ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး
Reviewed by သစ်ထူးလွင်
on
17:06
Rating: