ခမောက်ကြီး၊ သြဂုတ် ၁၁ ရက်
တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ခွဲ၊ ကော့သောင်း-ဘုတ်ပြင်းလမ်းပိုင်း၊ မိုင်တိုင် အမှတ်(၄၈)အနီးတွင် ဆိုင်ကယ်လုယက်မှု ဖြစ်စဉ်တစ်ခုသြဂုတ်လ၆ရက်၊ ညနေ ပိုင်း ကဖြစ်ပွား သည်။
ဖြစ်စဉ်မှာ ကိုစိန်လှ ဆိုသူသည် အဆိုပါနေ့ ညနေပိုင်းတွင် ဒဂုံတင်းဘား ဆီအုန်းကုမ္ပဏီ မှ ခမောက်ကြီးမြို့သို့ အပြန် ကော့သောင်း -ဘုတ်ပြင်း လမ်းပိုင်း မိုင်တိုင်အမှတ် (၄၈) အနီး တွင် အမည်မသိ လူနှစ် ဦး မှ လမ်းကြုံ လိုက် ရန် အကူအညီတောင်း သဖြင့် တင်ခေါ်ရန် ဆိုင်ကယ်အားရပ်ပေးလိုက်စဉ် တစ်ဦး မှ ကိုစိန်လှ ၏ လည်ပင်း အား ညှစ် ပြီး ဓားဟုယူဆရသည့်အရာဖြင့် ထိုး လိုက် သဖြင့် ကိုစိန်လှ လဲကျသွား ရာ ဆိုင်ကယ် Honda (wave-i 125) အား မောင်းနှင်ထွက်ပြေး သွားခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ ကိုစိန်လှ မှာ လည်ပင်း တွင် ပြတ်ရှဒဏ်ရာ (၁) ချက် ၊ လက်ဖဝါးပြတ်ရှ ဒဏ်ရာ (၁) ချက် ရရှိပြီး ခမောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ်ဆေးဝါးကုသမှုခံယူနေရသည်။ မှုခင်းဖြစ်စဉ်အား ခမောက်ကြီးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ဆိုင်ကယ်လုယူထွက်ပြေးသူများ အမြန်ဆုံး ဖမ်းဆီး ရမိရေး အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf

ကော့သောင်း - ဘုတ်ပြင်း လမ်းပိုင်းတွင် ဆိုင်ကယ်လုယက်မှုဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
09:38
Rating: