နေပြည်တော်၊ သြဂုတ် ၉
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ထီးလင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ““မြို့နာမ်”” ဘုရားဝန်းအတွင်းရှိ ကဇာတ်ရုံပေါ်တွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦးက လူတစ်ဦးအား ရိုက်နှက်နေကြောင်း သတင်းအရ ထီးလင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာ ““မြို့နာမ်”” ဘုရားဝန်း ကဇာတ်ရုံတွင်နေထိုင်သော စိတ်ကျန်းမာရေးမကောင်းသည့် မလိမ်းရိမ်(၅၀)နှစ်မှ ကဇာတ်ရုံပေါ်တွင် အရက်မူးပြီး အိပ်ပျော်နေသော ထီးလင်းမြို့နယ်၊ ပါးမျဉ်း ရွာနေ ဖိုးပိန်(ခ)ထွန်းနိုင်(၃၉)နှစ်အား ကျောက်ခဲနှင့် ထုရိုက်နေသည်ကိုတွေ့ရှိရသဖြင့် ၀ိုင်းဝန်းတားဆီး ခဲ့ပြီး ဖိုးပိန်(ခ)ထွန်းနိုင်တွင် နှာခေါင်းသွေးထွက်၊ ယာပါးဖူးရောင်၊ ကျားအင်္ဂါအရေပြားစုတ်ပြဲဒဏ်ရာများ ရရှိ သေဆုံးသွားသောကြောင့် မလိမ်းရိမ်အား ထီးလင်းမြို့မရဲစခန်း (ပ)၃၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

စိတ်ကျန်းမာရေးမကောင်းသူက ကျောက်ခဲနှင့်ထုသဖြင့် သေဆုံး
Reviewed by သစ်ထူးလွင်
on
07:24
Rating: