ရန်ကုန်၊ သြဂုတ် ၁၁
၁၀.၈.၂၀၁၄ ရက်နေ့ ၀၂၃၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း အတိုင်း မြောက်မှတောင်သို့ အလုံမြို့နယ်နေ ယာဉ်မောင်း အောင်ဘုန်းမြတ်၊ (၂၆)နှစ် မောင်းနှင်လာသော 5F---- TOYOTA Crwon majesta ကိုယ်ပိုင်ယာဉ် သည် ရိပ်သာမှတ်တိုင်အနီး အရောက် အရှိန်မထိန်းနိုင်ဘဲ ၎င်း၏ရှေ့မှ သင်္ဃန်းကျွန်းမြို့နယ်နေ ယာဉ်မောင်း ဦးမြင့်လွင်၊ (၅၆)နှစ် မောင်းနှင်နေသော AA---- TOYOTA Probox အငှားယာဉ်အား နောက်ဘက်မှ ၀င်ရောက်တိုက်မိ ခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးပြီး ဦးမြင့်လွင်တွင် နဖူး၊ ၀ဲ၊ ယာတံတောင်၊ ၀ဲ၊ ယာလက်ဖျံ၊ ယာဒူး၊ ၀ဲ၊ ယာပေါင်တို့၌ ဖူးရောင်ပေါက်ပြဲဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာ အဖြစ် တင်ပို့ကုသ ခဲ့ရသောကြောင့် ယာဉ် မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း အောင်ဘုန်းမြတ်အား မရမ်းကုန်းမြို့မ ရဲစခန်း ယာဉ်(ပ)၇၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူ
ဆောင်ရွက်ခဲ့ပါသည်။
ဒဏ်ရာရရှိသူ ဦးမြင့်လွင်မှာ ယင်းနေ့ ၀၅၀၀ အချိန်တွင် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားသဖြင့် ပြစ်မှုပုဒ်မ-၃၃၈/၂၇၉ မှ ၃၀၄-က/၂၇၉ သို့ ပြောင်းလဲအရေး ယူဆောင်ရွက်လျက်ရှိပါသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာတွင် ယာဉ်မောင်း အောင်ဘုန်းမြတ်တွင်လည်း ရင်ဘတ် အောင့်သည့် ဒဏ်ရာရရှိခဲ့သည့် အတွက် မြောက်ဥက္ကလာပဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police
https://www.facebook.com/yangonpolice

အရှိန်မထိန်းနိုင်ဘဲ ရှေ့မှမောင်းနှင်နေသော ယာဉ်အား တိုက်မိခဲ့သဖြင့် (၁)ဦးသေဆုံး
Reviewed by သစ်ထူးလွင်
on
17:11
Rating: