အရှိန်မထိန်းနိုင်သောယာဉ်က ရှေ့မှမောင်းနှင်နေသောယာဉ်အား ၀င်ရောက်တိုက်မိ

နေပြည်တော်၊ သြဂုတ် ၂၄

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၆၁/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်နေ ဒေါ်လွင်လွင်လှိုင် (၅၁)နှစ်မောင်းနှင်လာသော 2G/xxxx ကရောင်းမီးခိုးရောင်ယာဉ်အား ရန်ကင်းမြို့နယ်၊ အမှတ်(၄) ရပ်ကွက်နေ ထက်ဖြိုးဝေ(၂၀)နှစ်မောင်းနှင်လာသည့် 6D/xxxx ဟွန်ဒါဖစ်အဖြူရောင်ယာဉ်က အရှိန် မထိန်းနိုင်ဘဲ နောက်မှ ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိမှုကြောင့် ဟွန်ဒါဖစ် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ကရောင်းယာဉ်ပေါ်တွင်လိုက်ပါလာသူ(၃)ဦး အနက် ဒေါ်လွင်လွင်လှိုင်တွင် ၀ဲဒူးခေါင်းနာကျင်၊ ရင်ဘတ်အောင့်ဒဏ်ရာများရရှိခဲ့သဖြင့် ညောင်ကုန်း တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ထက်ဖြိုးဝေအား ပေပင်လေး အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096


အရှိန်မထိန်းနိုင်သောယာဉ်က ရှေ့မှမောင်းနှင်နေသောယာဉ်အား ၀င်ရောက်တိုက်မိ အရှိန်မထိန်းနိုင်သောယာဉ်က ရှေ့မှမောင်းနှင်နေသောယာဉ်အား ၀င်ရောက်တိုက်မိ Reviewed by သစ်ထူးလွင် on 03:19 Rating: 5
Powered by Blogger.