သျှမ်းပါတီ ၂ ခု ၊ ရပ်မိရပ်ဖနှင့် အုပ်ချုပ်ရေး ပိုင်းတို့ နောင်မတာ ရွာသား များနှင့်တွေ့ဆုံ

 သြဂတ်စ်လ ၄ ရက် ၂၀၁၄

 သျှမ်းပြည်မြောက်ပိုင်း ၊ နမ့်ခမ်းမြို့ရှိ သျှမ်းပါတီနှစ်ခု၊ အုပ်ချုပ်ရေးပိုင်းနှင့် ရပ်မိရပ်ဖများ စုပေါင်းပြီး နောင်မတာ ကျေးရွာ ဒေသခံများအား သြဂတ်စ်လ ၃ ရက်နေ့ က သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ဂျူလိုင်လ ၂၉ ရက်က နောင်မတာ ကျေးရွာတွင် တပ်စခန်းအခြေစိုက် အစိုးရ စစ်တပ် အရာရှိနှစ်ဦး သတ်ဖြတ်ခံရမှုကြောင့် ကျေးလက်အကြီးအကဲ တချို့အား အစိုးရစစ်တပ်က ဖမ်းဆီး ရိုက်နှက် စစ်ဆေးရာ ရွာသားများ ကြောက်လန့်တုန်လှုပ်ကာ ရွာလုံးကျွတ် တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ယခုအခါ နေရပ်ပြန်ရန် သက်ဆိုင်ရာအဏာပိုင်များကပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်း လိုက်ပါတွေ့ဆုံသူ စိုင်းယီ က ဆိုသည်။

“အာဏာပိုင်ဘက်က ပြန်ခေါ်နေတော့ ရွာသားများရွာသို့ပြန်မလာရဲသောကြောင့် ကျားခေါင်း၊ ကျားဖြူ ပါတီ ရယ်၊ ရပ်မိရပ်ဖတချို့နဲ့ ဒေသခံရွာသားများကို သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်တယ် ” ဟု ၄င်းကပြောသည်။

နောင်မတာကျေးရွာတွင် အိမ်ခြေပေါင်း ၁၂၀ ကျော်၊ လူဦးရေ ၄၀၀ ကျော်ရှိပါသည်။ မြန်မာ့တပ်စခန်းမှရွာ သားများအား ဖမ်းဆီးရိုက်နှက်မှုကြောင့် ၄င်းအစိုးရတပ်စခန်းအနီးရှိနေအိမ် ၃ လုံးနှင့် ကုန်စုံဆိုင်တစ်ဆိုင် မှလွဲ၍ ရွာသားများအားလုံးထွက်ပြေးကြသည်ဖြစ်ရာ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများပါ မကျန်ပိတ် ထားသည်ကိုတွေ့ရကြောင်း တွေ့ဆုံပွဲလိုက်ပါသူ ကျားခေါင်းပါတီ အကြီးအကဲတစ်ဦးက ဆိုသည်။

“ မနက် ၁၀ နာရီမှာ ရွာသားတွေနဲ့တွေ့ဆုံတယ်။ ရွာသား ရ၀ ကျော်လောက်ပဲလာတယ်၊ အစိုးရဘက်က ခိုင်လုံတဲ့ အာမခံချက်ပေးမှ ရွာပြန်မယ်လို့ တင်ပြတောင်းဆိုတယ် ” ဟု ၄င်းကပြောသည်။

ရွာသားများ၏ တင်ပြတောင်းဆိုမှုကို နောင်မတာကျေးရွာအခြေစိုက် တပ်စခန်းမှုး ဗိုလ်ကြီးသန့်ဇင်ထွန်းက “ ကျနော်တို့တပ်ရှိနေရင်တော့ ရွာသားတွေကို ရိုက်နှက်စစ်ဆေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ တပ်ပြောင်း သွားရင် အသစ်ရောက်လာတဲ့တပ် အပြုအမူကိုတော့ ကျနော်တို့ အာမ မခံရဲပါဘူး ” ဟု ဖြေဆိုကြောင်း အဆိုပါ ပါတီအကြီးအကဲက သျှမ်းသံတော်ဆင့်အား ပြောသည်။

နောင်မတာကျေးရွာတွင် RCSS/SSA သျှမ်းပြည်တပ်မတော် အမှတ် ရ၀၁ စစ်ဒေသ တပ်စခန်းလာမစိုက်ခင် ပန်းဆေး ပြည်သူ့စစ်တပ်များ လှုပ်ရှားစဉ်ကလည်း ဒေသခံရွာသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့ ကြောင်း၊ ၂၀၁၃ မေလက အစိုးရတပ်မတော်မှ RCSS/SSA သျှမ်းပြည်တပ်မတော်ကို တိုက်ထုတ်ခဲ့ပြီး အဆိုပါ နေရာတွင် လာရောက် စခန်းချခဲ့ချိန်မှစ၍ ဒေသခံပြည်သူလူထု အေးအေးချမ်းချမ်း မနေရကြောင်း၊ ထို့ကြောင့် နောင်မတာကျေးရွာ ဒေသခံများသည် ၄င်းရွာထဲသို့ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့အား မလှုပ်ရှားစေလို ကြောင်း နောင်မတာကျေးရွာသားတစ်ဦးကဆိုသည်။

သြဂုတ်လ ၃ ရက်က နောင်မတာကျေးရွာ၌ပြုလုပ်သော အဆိုပါတွေ့ဆုံပွဲတွင် အစိုးရတပ်၏ ဖမ်းဆီးရိုက် နှက်မှုကြောင့် နောင်မတာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် (၅) ဦးသည် တရုတ်နိုင်ငံဘက်ခြမ်း ဆေးရုံတခုတွင် ဆေးကုသမှု ခံနေရသောကြောင့် ၄င်းတွေ့ဆုံပွဲကို တက်ရောက်ခြင်းမရှိခဲ့ကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်/ စိုင်းတိုင်း

http://burmese.panglong.org/news/100-2008-08-06-05-35-00/4840-2014-08-05-13-19-06.html

ဓါတ်ပုံ - သျှမ်းပါတီ ၂ ခု ၊ ရပ်မိရပ်ဖနှင့် အုပ်ချုပ်ရေးပိုင်းတို့ နောင်မတာရွာသားများနှင့်တွေ့ဆုံ


သျှမ်းပါတီ ၂ ခု ၊ ရပ်မိရပ်ဖနှင့် အုပ်ချုပ်ရေး ပိုင်းတို့ နောင်မတာ ရွာသား များနှင့်တွေ့ဆုံ  သျှမ်းပါတီ ၂ ခု ၊ ရပ်မိရပ်ဖနှင့် အုပ်ချုပ်ရေး ပိုင်းတို့ နောင်မတာ ရွာသား များနှင့်တွေ့ဆုံ Reviewed by သစ်ထူးလွင် on 21:12 Rating: 5
Powered by Blogger.