တောင်ကြီး ၊ ၆-၈-၂၀၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ၊ စဝ်စံထွန်း ရပ်ကွက် နယ်မြေ(၇)၊ ဗိုလ်ချုပ်လမ်း၊ အမှတ် (စ/၂၄ဝ)နေ ဦးစိန်မြင့် (ဘ) ဦးလှ မြင့်သည် သြဂုတ် ၄ရက် နံနက် ၁၁ နာရီခွဲက တောင်ကြီးမြို့၊ ချမ်းမြသာစည် ရပ်ကွက် ဆိုင်ကယ် ရောင်းဝယ်ရေး ပွဲစားတန်း၌ ရှိနေစဉ် ဆိုင်ကယ်တစ်စီး နှင့် လူနှစ်ဦး ရောက်ရှိ လာပြီး ဆိုင်ကယ်နောက် မှ စီးလာသူက အမ်ဘို - ၁၂၅ ရုပ်ဆိုး လိုင်စင်မဲ့ တစ်စီး ဝယ်ချင်ကြောင်း ပြော၍ ဦးစိန်မြင့်က လိုင်စင်မဲ့ ဆိုင်ကယ် မရှိကြောင်း ၄င်းပိုင် ၄ဝယ/...အမ်ဘို - ၁၂၅ အနက် ရောင် ဆိုင်ကယ် တစ်စီးကို ပြသပြီး ငွေကျပ် ၃၅ဝဝဝဝ ဖြင့် ရောင်းချမည် ဖြစ်ကြောင်း ပြောသည်။
၎င်းက ဆိုင်ကယ် ခဏစီးကြည့် မည်ဟုပြောကာ ၄င်းနှင့်အတူ ပါလာသော ဆိုင်ကယ် မောင်းနှင်သူ ကို အိတ်ခဏ ယူထားဟု ပြော၍ အိတ်ကို ပေးထားပြီး အတူလာ သည့်သူနှင့် အိတ်ကျန် ခဲ့သဖြင့် ဆိုင်ကယ်ကို ယုံကြည်စွာ ပေးအပ် ခဲ့ကြောင်း၊ နာရီဝက်ကျော် ခန့်ကြာ သော်လည်း ဆိုင်ကယ်နှင့်လူ ပြန်မလာသဖြင့် ကျန်ခဲ့သည့် လူကို မေးကြည့်ရာ ၄င်းမှာ ရွှေညောင် ကားဂိတ်တွင် ဆိုင်ကယ်ကယ်ရီ မောင်းသူ ဖြစ်ကြောင်း၊ ၄င်းနှင့်အတူ လာသူမှာ ဆိုင်ကယ်ငှားစီး သူဖြစ်ပြီး လမ်းတွင် ဆိုင်ကယ်စီးရင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သည် ဟု ပြောဆို ခဲ့ကြောင်း၊ ပြန်လည် ပြောပြသဖြင့် မြို့ပေါ် ရဲစခန်းများ သို့ သွားရောက် စုံစမ်းခဲ့ရာ ဆိုင်ကယ် ယူသွားသူမှာ ရဲတပ်ဖွဲ့ဝင် မဟုတ်ကြောင်း စုံစမ်း သိရှိရသဖြင့် တောင်ကြီး နယ်မြေ ရဲစခန်းသို့ သွားရောက်ပြီး ဆိုင်ကယ်မောင်းနှင် ထွက်ပြေး သွားသူ၏ အိတ်ကို ဖွင့် ကြည့်ရာ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ လက်မောင်း တံဆိပ်ပါ ရဲအင်္ကျီ လက်ရှည် တစ်ထည်၊ နက်ပြာရောင်ရှာထိုး ဦးထုပ်တစ်လုံး၊ အရာရှိ အဆင့်သုံး နက်ပြာရောင် ပခုံးဒေါက် တစ်စုံ၊ ရာထူးအဆင့် ငွေရောင် ကြယ်ပွင့်တစ်စုံ၊ ဂျင်းဘောင်းဘီ တစ်ထည်၊ အင်္ကျီတစ်ထည်၊ စွပ်ကြယ် တစ်ထည်၊ ခါးပတ်တစ်ခု၊ ဆိုင်ကယ် နောက်ကြည့်မှန် တစ်စုံ တို့ကို တွေ့ရှိ ရကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ် လိမ်လည် ရယူသွားသူ (စုံစမ်းဆဲ) ကို တောင်ကြီး နယ်မြေ ရဲစခန်းက (ပ)၁ဝ၇/၂ဝ၁၄၊ ပြစ်မှု၁၇ဝ/၄၂ဝ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၄ဝ၅)
#PyiChitThar
http://pyichit-thar.blogspot.com/2014/08/blog-post_5.html

ရဲဝန်ထမ်း ယောင်ဆောင်၍ မော်တော်ဆိုင်ကယ် လိမ်လည်မှု ဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
10:36
Rating: