အမေရိကန်နိုင်ငံပိုင် ဟာဝါအီ ကျွန်းပေါ်ကို ဟာရီကိန်းမုန်တိုင်း နှစ်ခု ကျရောက်နိုင်တဲ့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါပြီ။
Iselle လို့ခေါ်တဲ့ ဟာရီကိန်းမုန်တိုင်းက ဒီကနေ့ နှောင်းပိုင်းမှာ ကျရောက်ဖို့ရှိပြီး တနင်္ဂနွေမှာတော့ ဂျူလီယို လို့ခေါ်တဲ့ မုန်တိုင်းကျရောက်နိုင်တယ်လို့ ဆိုပါတယ်။
ခန့်မှန်းထားတဲ့အတိုင်း မုန်တိုင်းတွေကျရောက်မယ်ဆိုရင် ၁၉၉၂ ခုနှစ်နောက်ပိုင်း ဟာဝါအီကျွန်းကို ပထမဆုံးအကြိမ် ကျရောက်မယ့် မုန်တိုင်းဖြစ်ပါတယ်။
မုန်တိုင်း Iselle က Big Island ကို ဝင်ရောက်ဖို့ရှိပြီး ဂျူလီယို မုန်တိုင်းကတော့ မြောက်ပိုင်းပြည်နယ်နဲ့ တခြားကျွန်းငယ်တွေကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီအတွက် ဒေသခံတွေကို တစ်ပတ်စာ အရေးပေါ် အစားအသောက်၊ အသုံးအဆောင်တွေ ပြင်ဆင်ဖို့ သတိပေးမှုတွေလည်း ထုတ်ပြန်ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-08/1354348

ဟာဝါအီကျွန်းပေါ်ကို ဟာရီကိန်း မုန်တိုင်း ကျရောက်ဖို့ရှိ
Reviewed by သစ်ထူးလွင်
on
08:39
Rating: