ရန်ကုန်၊ သြဂုတ် ၃
၂.၈.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/အနောက်ရပ်ကွက်၊ လမ်း(၉၀)ရှိ ဦးတင်မြင့်၏နေအိမ်တွင် ဂက်ဘူးပေါက်ကွဲ မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ဦးတင်မြင့်၊ (၆၅)နှစ်သည် ၁၁၄၅ အချိန်တွင် ဂက်စ်ဘူးအတွင်းမှ ဂက်စ်များအား မီးခြစ်အတွင်းသို့ဖြည့်စဉ် ပေါက်ထွက်မှုဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ဂက်စ်ဘူးပေါက်ကွဲမှုကြောင့် ဦးတင်မြင့်တွင် ယာလက်ချောင်းများနှင့် လက်ဖ၀ါး
စုတ်ပြဲဒဏ်ရာ၊ မေးစေ့ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရပြီး နေအိမ်ကြမ်းခင်းအနည်းငယ်နှင့် စားပွဲမှန်(၁)ချပ်တို့ ပျက်စီးခဲ့ပါသည်။
ယင်းသို့ ပေါ့လျော့စြွာ့ပုလုပ်မှုကြောင့် ဂက်စ်ဘူးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် ဦးတင်မြင့်အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၄၇၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၆/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

မီးခြစ်အတွင်း ဂက်စ်ဖြည့်စဉ် ဂက်စ်ဘူးပေါက်ကွဲမှုဖြစ်
Reviewed by သစ်ထူးလွင်
on
16:41
Rating: