၄၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနဲ့ အရှေ့အာရှ ထိပ်သီး အစည်း အဝေးကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ ဒီနေ့ နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါတယ်။
တဆက်တည်း ကျင်းပတဲ့ အာဆီယံနဲ့ နယူးဇီးလန်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံနိုင်ငံများနဲ့ နယူးဇီလန် ပညာသင်ဆုအစီအစဉ်၊ လူငယ်စီးပွားရေးလုပ်ငန်းရှင်များ ဖလှယ်ရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနဲ့ လယ်ယာစိုက်ပျိုးရေးစတဲ့ ကိစ္စရပ်တွေ ကိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အာဆီယံ- သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံဒေသ တွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် သြစတြေးလျနိုင်ငံက ငါးနှစ်စီမံကိန်းသတ်မှတ်ပြီး ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။
ဒီနေ့ အစည်းအဝေးတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအပြင် အမေရိကန်၊ ရုရှား၊ တရုတ်၊ ကိုရီးယား၊ ဂျပန် ၊ သြစတြေးလျ၊ ကနေဒါနဲ့ အိန္ဒိယနိုင်ငံတို့က နိုင်ငံခြားရေး ၀န်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ စည်းဝေးပွဲ ပြီးစီး
Reviewed by သစ်ထူးလွင်
on
21:22
Rating: