နိုင်ငံတကာ လူငယ်များနေ့ ရန်ကုန်မှာ ကျင်းပ

 လာမယ့် သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူငယ်များနေ့ အခမ်းအနားကို ဒီနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခမ်းမမှာကျင်းပရာမှာ လူငယ်တစ်ထောင့်ငါးရာလောက် တက်ရောက်ခဲ့ကြပါတယ်။

အဲ့ဒီလူငယ်ပွဲတော်ကို ပူးပေါင်းစီစဉ်တဲ့ ရန်ကုန် လူငယ်ပွဲတော်နဲ့ လူငယ်အဖွဲ့အစည်းပြ ပွဲ ဖြစ်မြောက်ရေးကော်မတီက မသဉ္ဇာရွှန်းလဲ့ရည်က ဒီနေ့ပွဲအကြောင်း အခုလိုပြောပါတယ်။

"ဒီလိုနိုင်ငံတကာ လူငယ်များနေ့မှာ အခြားနိုင်ငံက လူငယ်များကလည်း လူငယ်အချင်းချင်းကို ဂုဏ်ပြုတဲ့ပွဲတွေ၊ ကမ်ပိန်းတွေ လုပ်ကြတယ်၊ မြန်မာနိုင်ငံမှာ ဘာလို့မရှိရမှာလဲ၊ အထူးသဖြင့် ရန်ကုန်လိုမျိုးပေါ့နော် အခြားနယ်တွေနဲ့စာရင် ဖွံဖြိုးနေတဲ့ မြို့နယ်တစ်ခုမှာ ကျမတို့ ပွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်၊ ကျမတို့လူငယ်အားလုံးမှာ ဒီနှစ်ရဲ့ စိတ်ကျန်းမာရေးနဲ့ ချိတ်ဆက်ပြီးတော့ လူငယ်တွေ လိုအပ်နေတာက သူတို့ကို ပံ့ပိုးပေးနိုင်တဲ့ အသိုက်အဝန်းကောင်းတစ်ခု၊ ပတ်ဝန်း ကျင်ကောင်းတစ်ခု လိုအပ်နေတယ်"

အခမ်းအနားမှာ လူငယ်အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေကို ခင်းကျင်း ပြသထားပြီး လူငယ်အဖွဲ့တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ၊ လူငယ်ကဗျာဆရာတွေရဲ့ ကဗျာရွတ်ပွဲတွေ နဲ့ ဆွေးနွေးပွဲတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


နိုင်ငံတကာ လူငယ်များနေ့ ရန်ကုန်မှာ ကျင်းပ  နိုင်ငံတကာ လူငယ်များနေ့ ရန်ကုန်မှာ ကျင်းပ Reviewed by သစ်ထူးလွင် on 21:19 Rating: 5
Powered by Blogger.