နေပြည်တော်၊ သြဂုတ် ၂၄
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၃၂/၄-၅)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘုရားတောင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၁၄)ရပ်ကွက်နေ နေလင်းထွန်း(၂၈)နှစ်မောင်းနှင်လာသည့် 8J/xxxx စူပါကာစတန်ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးတွင် ကာရံထားသောသံဘောင်တန်းအား တိုက်မိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် နေလင်းထွန်းတွင် ဦးခေါင်းဝဲချိုစောင်းပေါက်ပြဲ၊ ၀ဲ/ယာလက်ခုံပွန်း၊ ယာခြေသလုံးပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့/နောက်လေကာမှန်ကွဲ၊ ဘော်ဒီဝဲဘက်ခြမ်း/ရှေ့ဘန်ဘာပိန်ချိုင့်၍ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် နေလင်းထွန်းအား ဘုရားတောင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာရံထားသည့်သံဘောင်တန်းအား တိုက်မိပြီးတိမ်းမှောက်
Reviewed by သစ်ထူးလွင်
on
03:17
Rating: