နောက်ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက် (၅)ဦး ဒဏ်ရာရ

  နောက်ဘီးပေါက်သောယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမိုင်တိုင်အား ၀င်ရောက်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိတိမ်းမှောက်

နေပြည်တော်၊ သြဂုတ် ၈

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့ နံနက် ၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅/၅-၆)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ လားရှိုးမြို့၊ (၁)ရပ်ကွက်နေ စောအင်ဒရူး(၃၃)နှစ်မောင်းနှင် လာသော 7F/xxxx ဟွန်ဒိုင်းပေါ်တာတူး အပြာရောင်ယာဉ်မှာ ယာဘက်နောက်ဘီးပေါက်ပြီး လမ်းယာဘက်မြေသားလမ်းဘေးရှိ မိုင်တိုင်အမှတ်(၅/၅)အား ၀င်ရောက်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ(၂၃)ဦးအနက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အင်းတရော်ကျေးရွာနေ ကိုကျော်ကျော်ထွန်း(၃၇)နှစ်ပါ(၅)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် လှည်းကူးပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး စောအင်ဒရူးအား အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်း ယာဉ်(ပ) ၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096


နောက်ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက် (၅)ဦး ဒဏ်ရာရ   နောက်ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက် (၅)ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 21:29 Rating: 5
Powered by Blogger.