နေပြည်တော်၊ သြဂုတ် ၅
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့ နံနက် ၂ နာရီအချိန် ရှမ်းပြည်နယ်၊ နောင်ချိုမြို့အ၀င် အေးရှားဝေါလ် တိုးဂိတ်တွင် အမှတ်(၂၄)မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(လားရှိုး)မှ တပ်ဖွဲ့ဝင်များ၊ နောင်ချိုမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ လားရှိုးမှ မန္တလေး ဘက်သို့ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ ချန်ရှော(ခ)စောချန်ရှော(၅၀)နှစ် မောင်းနှင်လာသည့် 1F/xxxx SURF ယာဉ်အား ရပ်တန့်ရှာဖွေ ခဲ့သည်။
ထိုသို့ရှာဖွေရာ ချန်ရှော(ခ)စောချန်ရှော၏ ခါးတွင်ပတ်ထားသော ခါးပတ်ကြိုးအိတ်အတွင်းမှ ၉ မမ ပါရာပစ္စတိုသေနတ်အနက်ရောင် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၃၄ တောင့်နှင့် အလေးချိန်(၆၂)ဂရမ်ခန့်ရှိ ကျောက်စိမ်းတုံး ၈ တုံးတို့ တွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် ၎င်းအား နောင်ချိုမြို့မရဲစခန်း(ပ)၉၀/၂၀၁၄၊ ရှမ်းလက်နက်ဥပဒေပုဒ်မ ၁၂(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

ဓါတ်ပုံ - အင်တာနက် |
ပစ္စတိုသေနတ်(၁)လက်နှင့် ခဲယမ်းများဖမ်းဆီးရမိ
Reviewed by သစ်ထူးလွင်
on
20:53
Rating: