ကမာရွတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျ၍ လူနှစ်ဦးသေမှု မြို့နယ်လျှပ်စစ် အုပ်ချုပ်ရေးမှူးကို လုပ်သက်နှစ်နှစ်လျှော့ ပြစ်ဒဏ်ပေး

 ရန်ကုန် သြဂုတ် ၂

 လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှု ကြောင့် လူသေဆုံး ခဲ့ရခြင်းများ အပေါ် လျှပ်စစ်ဝန်ကြီးဌာနမှ ခုံရုံးဖွဲ့ စစ်ဆေးရာ ကမာရွတ်မြို့နယ်၌ လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုကြောင့် လူနှစ်ဦးသေဆုံးမှု ဖြစ်စဉ်အတွက် ပြစ်ဒဏ်အဖြစ် မြို့နယ်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့အုပ်ချုပ် ရေးမှူးအားလုပ်သက်လျှော့ချမှုဖြင့် အရေးယူခဲ့ကြောင်း ရန်ကုန်မြို့ တော်လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

ထို့အပြင် မြောက်ဥက္ကလာပ နှင့် လှိုင်သာယာမြို့နယ်တွင် ဖြစ် ပေါ်ခဲ့သောအမှုများနှင့်ပတ်သက် ၍လည်း ဆက်လက်စစ်ဆေးလျက် ရှိပြီး ကမာရွတ်မြို့နယ်ရှိလျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့အုပ်ချုပ်ရေး မှူးအား လုပ်သက်နှစ်နှစ်လျှော့ချ ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုသည် မြို့နယ်အုပ်ချုပ် ရေးမှူးအပေါ်မည်သို့တာဝန်ရှိ/မရှိ စစ်ဆေးသည့်အဖွဲ့အနေဖြင့် မည်သို့ ဆုံးဖြတ်ခဲ့ကြောင်း မေးမြန်းရာတွင် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က ပြန်လည်ဖြေကြား ခဲ့ခြင်းမရှိခဲ့ပေ။

ကမာရွတ်မြို့နယ်(၃)ရပ်ကွက် လှည်းတန်းဈေးအနီးတွင် မိုးသည်း ထန်စွာရွာသွန်းချိန် လျှပ်စစ်ဓာတ် ကြိုးပြတ်ကျမှုသည် ဇွန်လ ၂၁ရက် ညနေ၅နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် အနီးရှိအမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦး ဓာတ်လိုက်သေဆုံး ခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် ဓာတ် ကြိုးပြတ်ကျမှုဖြစ်ပေါ်ခဲ့ပြီး ရက် ပိုင်းအတွင်းမှာပင် ရန်ကုန်မြို့ အတွင်း လျှပ်စစ်ဓာတ်အားပြတ်ကျ မှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီး လှိုင် သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့မှု တွင် သေဆုံးသူသုံးဦးထိရှိခဲ့ပြီး လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဇွန်လအတွင်းသေဆုံးသူ ၂ဝ အထိ ရှိခဲ့ကြောင်း သိရသည်။

ဝေဝေဖြိုး
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

ရန်ကုန်မြို့တစ်နေရာတွင် တွေ့ရသည့် ရှုပ်ထွေးနေသည့် မီးကြိုးများနှင့် လျှပ်စစ်ဓာတ်အားပေးတိုင်တစ်ခု။ ဇန်န၀ါရီ ၂၇၊ ၂၀၁၄။

ကမာရွတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျ၍ လူနှစ်ဦးသေမှု မြို့နယ်လျှပ်စစ် အုပ်ချုပ်ရေးမှူးကို လုပ်သက်နှစ်နှစ်လျှော့ ပြစ်ဒဏ်ပေး  ကမာရွတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျ၍ လူနှစ်ဦးသေမှု မြို့နယ်လျှပ်စစ် အုပ်ချုပ်ရေးမှူးကို လုပ်သက်နှစ်နှစ်လျှော့ ပြစ်ဒဏ်ပေး Reviewed by သစ်ထူးလွင် on 22:45 Rating: 5
Powered by Blogger.