ရန်ကုန်မြို့တွင်း၌ မြို့အင်္ဂါရပ်နှင့် ညီညွတ်ပြီး သန့်ရှင်းသပ်ရပ်မှု ရှိစေရန် လမ်းဘေးဈေးသည် များကို စက်တင်ဘာလမှ စ၍ ရောင်းချခွင့် ပြုတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။
ရန်ကုန်မြို့တွင်း ရောင်းချလျက် ရှိသော လမ်းဘေးဈေးသည် များကို ၂ဝ၁၁ ခုနှစ် ဇွန် ၁ ရက်မှ စတင်၍ ဈေးကောက် ကောက်ခံခြင်း မပြုဘဲ ညနေ ၃ နာရီမှ ည ၉ နာရီ အထိ ရောင်းချခွင့် ပေးခဲ့သော်လည်း သတ်မှတ်ချိန်ထက် ပိုမို ရောင်းချနေသောကြောင့် ဖမ်းဆီးကာ ဒဏ်ငွေ ဆောင်ခိုင်းမှုများ ပြုလုပ်နေရကြောင်း၊ ဒဏ်ငွေ ပေးဆောင်ရာတွင် ငွေကျပ် တစ်သောင်းမှ ငွေကျပ် ငါးသိန်း အထိ သတ်မှတ် ထားကြောင်း သိရသည်။
လမ်းဘေးဈေးသည် များကို ဈေးရောင်းချခွင့် မပြုတော့သည့် အချိန်မှ စ၍ ရန်ကုန်မြို့တွင်းရှိ အခွန်လွတ် ဈေးများ၌ ဈေးရောင်းချခွင့် ပေးသွားမည် ဖြစ်ကြောင်း လမ်းဘေးဈေးကောက် ကောက်ခံခြင်း မပြုတော့ သည့်အတွက် နှစ်စဉ် ရရှိသည့် ဘဏ္ဍာငွေမှ သုည ဒသမ ရှစ်ဘီလီယံ လျော့နည်းသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်း၌ ဈေးရောင်းချသည့် ဈေးသည်များကို အရေးယူရာတွင် နံပါတ်တပ် လမ်းနှင့်လမ်းသွယ် များ၌ ရောင်းချသော ဈေးသည်များ၏ စားသောက်ကုန်များ၊ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိကို စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာနမှ လိုက်လံ စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ
https://www.facebook.com/mwdmedia?ref=br_tf

ရန်ကုန်မြို့တွင်းရှိ လမ်းဘေး ဈေးသည်များကို အခွန်လွတ် ဈေးများသို့ ပြောင်းရွှေ့ ပေးမည်
Reviewed by သစ်ထူးလွင်
on
06:46
Rating: