မြေတူးကရိန်းယာဉ် လဲကျတိမ်းမှောက်စဉ် ပိမိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

 ရန်ကုန်၊ သြဂုတ် ၇

 ၆.၈.၂၀၁၄ ရက်နေ့ ၂၂၅၀ အချိန်တွင် ပန်းဘဲတန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ ဆောက်လုပ် ရေးဝင်းတွင် မြေတူးကရိန်းယာဉ် လဲကျပိမိသဖြင့် အမျိုးသား(၂)ဦးမှာ ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ရောက်ရှိ လာကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုံခြုံရေးဝန်ထမ်း များကြသော ဦးခင်မောင်ထွန်းတွင် ဦးခေါင်းထိပ်/၀ဲပါးတို့တွင်ဖူးရောင်ဒဏ်ရာ၊ ၀ဲ/ယာချိုစောင်း စုတ်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများနှင့် သေဆုံးနေ သည်ကိုတွေ့ရပြီး ဦးဝင်းစိုးတွင် ဖူးရောင်နာကျင်ဒဏ်ရာများရရှိကာ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ်ကုသလျက်ရှိကြောင်း တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ယင်းနေ့ ၂၂၁၅ အချိန်ခန့်က အဆိုပါလုပ်ငန်းခွင်မှ မြေတူး ကရိန်းယာဉ်မောင်း ကိုချစ်မင်းဦးသည် မြေတူးကရိန်းယာဉ်အား နောက်ဆုတ်စဉ် မြေကျင်းဟောင်းအတွင်းသို့ ၀ဲဘက်ချိန်းကျွံကျပြီးလဲကျ တိမ်းမှောက်ခဲ့ရာ လုံခြုံရေး ဂိတ်တဲပေါ်သို့ ပိမိသဖြင့် ဦးခင်မောင်ထွန်းနှင့် ဦးဝင်းစိုးတို့တွင်ဒဏ်ရာများရရှိခဲ့၍ ဆေးရုံသို့ပို့ဆောင်စဉ် ဦးခင်မောင်ထွန်းမှာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

ယင်းသို့ ဖြစ်ပွားခဲ့သည့်အတွက် ယာဉ်အားပေါ့လျောစွာ မောင်းနှင်သူ လှိုင်မြို့နယ်နေ ကိုချစ်မင်းဦး၊ (၂၄)နှစ်၊ (ဘ)ဦးမျိုးဇော်အား ပန်းဘဲတန်းမြို့မရဲစခန်း ယာဉ် (ပ)၂၅၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


မြေတူးကရိန်းယာဉ် လဲကျတိမ်းမှောက်စဉ် ပိမိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ  မြေတူးကရိန်းယာဉ် လဲကျတိမ်းမှောက်စဉ် ပိမိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 16:06 Rating: 5
Powered by Blogger.