၆-၈-၂၀၁၄ ရက်နေ့ ညနေ(၄)နာရီခန့်တွင် ပဲခူးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းအပိုင်၊ ဇိုင်းတောင်ရပ် ကွက်၊ မဇင်းချောင်းအတွင်း လူသေ အလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရ အမှတ်(၂)နယ်မြေ ရဲစခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ပါသည်။
ဇိုင်းတောင်ရပ်ကွက်၊ ချမ်းမြေ့ဇေယျာ ဘုန်းကြီးကျောင်း အနောက်ဘက်၊ မဇင်းချောင်းကမ်းစပ်ဘေး တွင် (အမည်၊ ဘအမည်၊ နေရပ်လိပ်စာ)စုံစမ်းဆဲ အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသားအလောင်းတစ်လောင်း အား မှောက်ခုံအနေအထားဖြင့် တွေ့ရှိရပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ
ရေနစ်သေဆုံးသည့် လက္ခဏာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ပဲခူးအမှတ်(၂)နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၅/၂၀၁၄) ရေးဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
ကိုသန့် စင်
BY THIT HTOO LWIN

ပဲခူးမြို့၊ မဇင်းချောင်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး
Reviewed by သစ်ထူးလွင်
on
16:01
Rating: