ဝေါမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့

  ဝေါ သြဂုတ် ၇

  ဝေါမြို့နယ်အတွင်း၂၀၁၄ ခုနှစ် သြဂုတ်လ (၅) ရက်နေ့မှစ၍ မိုးရေချိန် လက်မ (၅.၉၂) လက်မအထိ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ရပ်ကွက်/ ကျေးရွာ များတွင်၂၀၁၄ သြဂုတ်လ (၆) ရက်နေ့မှစ၍ စာသင်ကျောင်း (၁၆) ကျောင်း ခေတ္တ ပိတ်ထားခဲ့ပြီး၊ မိုးရွာသွန်းမှုကြောင့် ဝေါမြို့၊ ပြည်သူ့ဆေးရုံဝင်း အတွင်းရှိ ကုက္ကိုလ် ပင် လဲပြိုခဲ့သည်။ ထို့ပြင် ဆေးရုံဝင်းအုတ်နံရံအခန်း (၄) ခန်းပြိုလဲခဲ့ကာ မီးစက်ရုံ ပါ ပျက်စီးခဲ့ပြီး ဝေါမြို့နယ် အတွင်းရှိ ရပ်ကွက် (၅) ခု နှင့်ကျေးရွာ အုပ်စု (၅၂) အုပ်စုရှိ စပါးစိုက် လယ်ဧကစုစုပေါင်း (၁၅၁၆၇) ဧက ရေလွှမ်း နစ်မြုပ်လျှက် ရှိကြောင်း သိရှိရသည်။ ဝေါမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် လူသေဆုံးမှု မရှိပေ။ ယခုအခါ ယာယီ ကယ်ဆယ်ရေး စခန်းတွင် နေရာချထား လျှက်ရှိသော အိမ်ထောင်စု များအား ဆန်(၁၀)အိတ် စုစုပေါင်း တန်ဖိုး (၁၅၀၀၀၀ိ/-) ခန့် ထောက်ပံ့ပေးလျက် ရှိကြောင်းနှင့် စခန်းတွင် စားသောက်ရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးအား မြို့နယ် အထောက်အကူပြု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် သဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များနှင့် အရန်မီးသတ် တပ်ဖွဲ့ ၀င်များဖြင့် ပေါင်းစပ် ညှိနှိုင်းစီမံဆောင်ရွက် လျှက်ရှိ ကြောင်း သိရှိရသည်။

ဝေါမြို့နယ်အတွင်း ရေကြီးနစ်မြပ်မှု အခြေအနေအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ခေါင်းဆောင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ (၅) ဖွဲ့၏ တွေ့ရှိတင်ပြလာသော သတင်းမှာ ၂၀၁၄ သြဂုတ်လ (၆) ရက်နေ့တွင် ရေနစ်မြုပ်မှုကြောင့် (ဘုရားပျိုကျေးရွာ၊ ညောင်ခါးရှည်ကျေးရွာ) များရှိ အထက်တန်းကျောင်း (၂)ကျောင်း၊ မိုးနက် ကျေးရွာအုပ်စု အလယ်တန်းကျောင်း (၁) ကျောင်း နှင့် ကန်တော် ရပ်ကွက်၊ ချမ်းမြသာစည် ရပ်ကွက်၊ (ညောင်သုံးခွ၊ စိုင်တီစု၊ ကမာကဘန်၊ ကျုံသင်၊ ကော့ဝင်းနှင့် ကျိုက်လှ ကျေးရွာအုပ်စုများရှိ မူလတန်းကျောင်း (၈) ကျောင်းစုစုပေါင်း (၁၁) ကျောင်းအား ခေတ္တထပ်မံ ပိတ်ထားခဲ့ရသည်ဟု သိရသည်။

ယခုအခါ ဝေါမြို့ပေါ်ရှိ သစ်စက်ရပ်ကွက်၊ ကန်တော်ရပ်ကွက် နှင့် ကံမြင့်ကျေးရွာ များတွင် ယာယီ ကယ်ဆယ်ရေးစခန်း (၃) ခုအား ဖွင့်လှစ်၍ အိမ်ထောင်စု (၁၃၇) စု၊ ကျား (၃၄၅) ဦး၊ မ (၃၅၁) ဦး စုစုပေါင်း (၆၉၆) ဦးအား ကယ်ဆယ် နေရာချထား ဆောင်ရွက်လျှက်ရှိသည်။ (ဘုရားပျို၊ ကဒွတ်၊ ကော့ဝင်း၊ ကျုံသင်၊ မိုးနက်၊ ညောင်သုံးခွ) ကျေးရွာများတွင် ရေနစ်မြုပ်မှုကြောင့် အိမ်ထောင်စု (၂၈၁) စု၊ ကျား(၆၅၇)၊ မ(၇၂၁)၊ စုစုပေါင်း(၁၃၇၈)ဦး တို့ကလည်း မိသားစုဝင်များ နီးစပ်ရာ ဆွေမျိုးအိမ်များတွင် ခေတ္တပြောင်းရွေ့ နေထိုင်လျှက်ရှိပြီး သြဂုတ်လ ၆ ရက် နံနက် ၁၁း၀၀ အချိန်မှစ၍ ဝေါမြို့နယ်အတွင်း မိုးဆက်လက်ရွာသွန်းမှု အားနည်းခဲ့ကြောင်းသတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar




ဝေါမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့   ဝေါမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ Reviewed by သစ်ထူးလွင် on 15:50 Rating: 5
Powered by Blogger.