ဆိုက္ကားနှင့် လမ်းလျှောက်နေသူတို့အား တိုက်မိပြီး ဆက်လက်မောင်းနှင်စဉ် အခြားယာဉ် (၂)စီးအား ထပ်မံတိုက်မိ
ရန်ကုန်၊ သြဂုတ် ၆
၅.၈.၂၀၁၄ရက်နေ့ ၁၄၃၀အချိန် ရန်ကင်းမြို့နယ်၊ ကံဘဲ့ဘူတာရုံ လမ်းသွယ်အတိုင်း သစ္စာလမ်းဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော CC---တိုယိုတာ စပရင်တာ အဖြူရောင် အငှားယာဉ်သည် ဆိုင်ခန်းအမှတ် (၇)ရှေ့အရောက် ယာဘက်လမ်းစပ်တွင် ရပ်ထားသော ဆိုက္ကားနှင့် လမ်းလျှောက်သွား နေသူ ရန်ကင်းမြို့နယ်နေ ဒေါ်သန်းသန်းထွေးတို့အား တိုက်မိပြီး ဆက်လက်မောင်းနှင်သွားခဲ့ပါသည်။
ထိုသို့မောင်းနှင်သွားခဲ့ရာ သစ္စာလမ်းထိပ် အရောက်ဝဲဘက်သို့ ချိုးကွေ့မာင်းနှင်စဉ် သစ္စာလမ်း အတိုင်း ကံဘဲ့ဘက်မှ မိုးကောင်းဘက်သို့ မောင်းနှင်လာသည့် 2G---ဟွန်ဒါဖစ်မီးခိုးရောင်ကိုယ်ပိုင်ယာဉ်အား ဆက်လက်တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေးခဲ့ရာ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ၂ခ/---ကန်မရီ နံ့သာရောင်ယာဉ်အား ထပ်မံတိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ဆိုက္ကားနှင့် ယာဉ်များပျက်စီးပြီး ယာဉ်တိုက်ခံရသူ ဒေါ်သန်းသန်းထွေးတွင် စုတ်ပြဲ၊ နာကျင်ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်တင်ပို့ ကုသခဲ့ရပါသည်။
ယင်းသို့ယာဉ်မဆင်မခြင် မောင်းနှင်သဖြင့် ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေးတိမ်း ရှောင်သွားသူ CC---ယာဉ်မောင်းအား ရန်ကင်းမြို့မရဲစခန်းယာဉ်(ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၂၇၉/၂၀၂ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

Reviewed by သစ်ထူးလွင်
on
15:44
Rating: