ဂါဇာမှာတော့၊ ပါလက်စတိုင်းနဲ့ အစ္စရေး အကြား၊ ယာယီ အပစ်ရပ်စဲမှု၊ သောကြာနေ့ မနက်ပိုင်းက ကုန်ဆုံခဲ့တဲ့ နောက်ပိုင်း၊ ပြန်လည် စတင် လာခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ၊ အရှိန် လျော့ကျ သွားမယ့် အရိပ်အယောင်၊ မတွေ့ရ သေးပါဘူး။ ဂါဇာမှာရှိတဲ့ ပလီတစ်လုံးကို၊ အစ္စရေးတို့ တိုက်ခိုက်ခဲ့မှု အတွင်း၊ ဟားမတ်စ် အဖွဲ့ရဲ့ ထိပ်တန်း စစ်ဘက် ခေါင်းဆောင် တစ်ဦး သေဆုံး သွားတယ်လို့၊ အစ္စရေးဘက်က ပြောပါတယ်။
ဒီလို တိုက်ခိုက်မှုတွေ ပြန်လည် စတင်ခဲ့တဲ့နောက်၊ အနည်းဆုံး ပါလက်စတိုင်း ၅ ဦး သေဆုံးခဲ့တယ် လို့၊ ပါလက်စတိုင်း ဘက်က ပြောပါတယ်။ ပါလက်စတိုင်း လက်နက်ကိုင်တွေကလည်း၊ အစ္စရေး ကို၊ ဒုံးကျည်တွေ မော်တာတွေနဲ့ ဆက်လက် ပစ်ခတ်နေပါတယ်။
ဂါဇာ မှာ ငြိမ်းချမ်းဖို့၊ ပြန်လည် ထူထောင်ဖို့၊ ပါလက်စတိုင်း လူမျိုးတွေ အပိတ်ဆို့ ခံနေရတာကနေ လွတ်မြောက်ဖို့ဆို၊ ဟားမတ်စ် အနေနဲ့ တစ်ခုပဲ လုပ်ဖို့ လိုပါတယ်၊ အကြမ်းဖက်မှုကို စွန့်လွှတ်ဖို့ပါပဲ လို့၊ အစ္စရေး ဘဏ္ဍဍာရေး ဝနကြီး ယာရေးလ် လာ့ပိဒ်က ပြောပါတယ်။
ဒီနေ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲ ကို၊ ဟားမတ်စ်တို့ရဲ့ ဒုံးကျည် ပစ်ခတ်မှု ရပ်တန့်မှ တက်ရောက် နိုင်မယ်လို့ အစ္စရေးဘက် က ပြောသလို၊ ပါလက်စတိုင်းတွေ ကလည်း၊ အစ္စရေးတို့ က ကန့်သတ်ချက် တွေ ပြုလုပ် နေသ၍၊ ကြားခံတွေက တဆင့် စကားပြောဆိုမှု မပြုလုပ်နိုင်ဘူး လို့ ပြောနေကြပါ တယ်။
ဒီအချိန်မှာပဲ၊ ဂါဇာမှာ အစ္စရေးတို့ စစ်ရေး အရ အရေးယူမှု တွေ ပြုလုပ်နေတဲ့ အပေါ်၊ ဗြိတိန် နဲ့ တောင်အာဖရိက နိုင်ငံတွေ မှာ၊ ဆန့်ကျင် ဆန္ဒပြမှုတွေ၊ အကြီးအကျယ် ပြုလုပ် နေကြပါတယ်။
လန်ဒန်မြို့မှာ၊ လူတွေ သောင်းနဲ့ချီ စီတန်း လှည့်လည်ခဲ့ကြ ပြီး၊ ဂါဇာမှာ ဖြစ်ပေါ်နေ တဲ့ အကြမ်းဖက် လုပ်ရပ်တွေ ကို ရပ်တန့်ဖို့ နဲ့၊ အစ္စရေးကို လက်နက် တင်ပို့ ရောင်းချမှု ကို ပိတ်ပင်ဖို့ တောင်းဆို ခဲ့ကြပါတယ်။
တောင် အာဖရိက နိုင်ငံ ကိပ်တောင်းမြို့၊ ဂါဇာအရေး ချီတက်ပွဲမှာ လည်း လူ အမြောက်အများ ပါဝင်ခဲံပြီး၊ လူဖြူ လူမဲ ခွဲခြားတဲ့ စနစ် ချူပ်ငြိမ်း သွားပြီးနောက် ဖြစ်ပေါ်လာတဲ့ အကြီးဆုံး ချီတက် ဆန္ဒပြမှုပဲ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/08/140809_gaza_hamas_israel.shtml

ဂါဇာအရေး လန်ဒန် ဆန္ဒပြမှု |
ဂါဇာမှာ တိုက်ခိုက်မှု အရှိန် မလျော့သေး
Reviewed by သစ်ထူးလွင်
on
09:04
Rating: