ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းက ရပ်ကွက် ၈ ခုမှာ မိုးများပြီး ရေကြီးတဲ့အတွက် နေအိမ် ၂၀၀၀ နီးပါး ရေဘေးသင့်ပြီး လူပေါင်း ၉၀၀၀ နီးပါး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံaနရတယ်လို့ သိရပါတယ်။
ပဲခူးမြို့နယ် ကျွန်းသာယာ၊ ဇိုင်းဂနိုင်း၊ ကလျာဏီ၊ ဥဿာ စတဲ့ ရပ်ကွက်တွေက ကယ်ဆယ်ရေးစခန်းကို လာရောက်ခိုလှုံနေရသူ စုစုပေါင်း ၈၇၀၀ ကျော်ရှိတယ်လို့ ကယ်ဆယ်ရေးစခန်းတွေမှာ ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
ဒုက္ခသည်တွေကို ပဲခူး မင်္ဂလာဇေယျုံ၊ သီရိဇေယျာ၊ ကလျာဏီသိမ်တော်၊ စတဲ့ ကျောင်းတိုက်ကြီးတွေနဲ့ အစိုးရအခြေခံပညာကျောင်းတွေမှာ ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ကယ်ဆယ်ထားရတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းနဲ့ ပြည်ခရိုင်အပါအ၀င် မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် သံတွဲမြို့တွေမှာ ကြူံနေရတဲ့ ရေဘေးအခြေအနေတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ပဲခူးရေဘေး ဒုက္ခသည် ၉ ထောင်နီးပါး ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံ
Reviewed by သစ်ထူးလွင်
on
22:30
Rating: