ပုသိမ်- ချောင်းသာ ကားလမ်းဘေး၌ အမျိုးသမီးတစ်ဦး သေဆုံးလျက်တွေ့ရှိ

 ပုသိမ် သြဂုတ် ၉

 ပုသိမ်မြို့နယ် သလပ်ခွာ ရဲစခန်းနယ်မြေ ရှောပြာ ရဲကင်းစခန်း အပိုင် ပုသိမ် -ချောင်းသာ ကားလမ်းဘေး မိုင်တိုင်အမှတ် (၁၃/၄) နှင့် (၁၃/၅) အကြား ကားလမ်း ဝဲဘက်ခြံစပ်အနီး၌ သြဂုတ် ၆ ရက် နံနက် ၈ နာရီ မိနစ် ၂ဝခန့်က အသက် ၄ဝ ကျော်ခန့် အရွယ်ရှိ အမည်/နေရပ်မသိ အမျိုးသမီး တစ်ဦးသည် ဒဏ်ရာ များဖြင့် သေဆုံးနေပြီး ဦးခေါင်း အနီးတွင် အရိုးအသွား ကိုးလက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းပါ တွေ့ရှိရပြီး ရှောပြာ ရဲကင်း စခန်းသို့ အကြောင်းကြား ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရှောပြာရဲကင်းမှူး ဒုရဲအုပ် မျိုးမင်းသိန်းက သေဆုံးသူ အမည်/ နေရပ်မသိ အမျိုးသမီး အလောင်းကို ရဲဆေးစာရေးသား၍ ပုသိမ်မြို့ အထွေထွေရောဂါကု တိုင်းဆေးရုံကြီးသို့ ပေးပို့ထားရှိပြီး သလပ်ခွာ နယ်မြေ ရဲစခန်းက အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ပုသိမ်လှကြည်
 Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


ပုသိမ်- ချောင်းသာ ကားလမ်းဘေး၌ အမျိုးသမီးတစ်ဦး သေဆုံးလျက်တွေ့ရှိ  ပုသိမ်- ချောင်းသာ ကားလမ်းဘေး၌ အမျိုးသမီးတစ်ဦး သေဆုံးလျက်တွေ့ရှိ Reviewed by သစ်ထူးလွင် on 05:00 Rating: 5
Powered by Blogger.