ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာတွင် ကျောင်းသား(၂)ဦး ရေနစ်သေဆုံး

 ၆-၈-၂၀၁၄ ရက်နေ့ ညနေ(၃း၃၀)နာရီခန့်တွင် ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ ရဲစခန်းအပိုင်၊ ပျဉ်ပုံကြီးကျေးရွာ၊ တောင်ပိုင်းရပ်ကွက်တွင် ကျောင်းသား(၄)ဦး ရေနစ်ကြောင်း သတင်းအရ ဘုရားကြီး
နယ်မြေရဲစခန်း ခေတ္တစခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မောင်မာန်ဖုန်းနိုင် (၁၅)နှစ် (ဘ)ဦးမောင်မြင့်၊ (၁၀)တန်းကျောင်းသား အ.ထ.က ပျဉ်ပုံ၊ တောင်ပိုင်း ရပ်ကွက်၊ ပျဉ်ပုံကြီးကျေးရွာနေသူနှင့် တစ်လမ်းတည်းနေ မောင်ဖြိုးသီဟဇော် (၁၅)နှစ် (ဘ)ဦးသန်းဦး၊ (၁၀)တန်းကျောင်းသား အ.ထ.က ပျဉ်ပုံ၊ မောင်အောင်ထက်လင်း (၁၅)နှစ် (ဘ)ဦးအောင်နိုင်လင်း၊ (၁၀)တန်းကျောင်းသား အ.ထ.က ပျဉ်ပုံ၊ မောင်သီဟမောင် (၁၅)နှစ် (ဘ)ဦးခင်မောင်ကြူ၊ (၉)တန်း ကျောင်းသား အ.ထ.က ပျဉ်ပုံတို့ (၄)ဦးသည် ပျဉ်ပုံချောင်းမကြီး တံတားအနီးတွင် ရေဆင်းကူးရာမှ မောင်မာန်ဖုန်းနိုင်၊ မောင်ဖြိုးသီဟဇော်တို့နှစ်ဦးမှာ ရေနစ်ခဲ့၍ အနီးပတ်ဝန်းကျင်မှ ဆင်းဆယ်ခဲ့ရာ မောင်အောင်ထက်လင်းနှင့် မောင်သီဟမောင်တို့နှစ်ဦးမှာ ကောင်းမွန်လျက်ရှိပြီး၊
မောင်မာန်ဖုန်းနိုင်၊ မောင်ဖြိုးသီဟဇော်တို့နှစ်ဦးမှာ ရေမွန်းနေခဲ့ပြီး ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သတိမေ့နေသဖြင့် ညနေ(၄း၃၀) အချိန်တွင် ပဲခူးဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်
တက်ရောက်ဆေးကုသမှု ခံယူနေစဉ် ညနေ(၅း၃၀)အချိန်တွင် သေဆုံးသွားခဲ့၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၄) ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ကိုသန့် စင်
BY THIT HTOO LWIN


ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာတွင် ကျောင်းသား(၂)ဦး ရေနစ်သေဆုံး  ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာတွင် ကျောင်းသား(၂)ဦး ရေနစ်သေဆုံး Reviewed by သစ်ထူးလွင် on 16:00 Rating: 5
Powered by Blogger.