မဟာသန္တိသုခကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရက နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဌအပါအ၀င် သံဃာအပါး ၂၀ ကို မတရားချုပ်နှောင်ထားမှုနဲ့ တရားစွဲဖို့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဒီနေ့ လျှောက်ထားရာမှာ မြို့နယ်တရားသူကြီးက ပယ်ချခဲ့ပါတယ်။
လန်ဒန်ဆရာတော် ဦးဥတ္တရဟာ သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တာမွေမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံထားရတာလည်း ဖြစ်ပါတယ်။
မရမ်းကုန်းမြို့နယ်တရားသူကြီးက တရားစွဲခွင့်လျှောက်ထားမှုကို ပယ်ချလိုက်တဲ့အတွက် ရန်ကင်းမြို့ နယ်နဲ့ ခရိုင်တရားရုံးတွေမှာ ဆက်လက်လျှောက်ထားတင်သွင်းသွားမယ်လို့ ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။
"မဟနကနေပြီး တရားစွဲတာကျတော့ နက်ဖြန်စစ်ဆေးနေပြီးတော့ မဟနက မလုပ်ထားတာကျတော့ တရားစွဲတဲ့အခါမှာ လက်မခံဘူးပေါ့နော်၊ ရန်ကင်းတရားရုံးကို ရန်ကုန်တိုင်းခရိုင် တရားရုံးတွေမှာသွားပြီးရင်လည်း ဘုန်းကြီးတို့သွားမှာပဲ၊ ဘယ်တရားရုံကမှ လက်မခံဘူးဆိုရင်တော့ နိုင်ငံတကာတရားရုံးရှိတယ်လေ၊ နိုင်ငံတကာ ဥပဒေရှိပါတယ်၊ ဘုန်းကြီးက ဗြိတိန်နိုင်ငံသား ဖြစ်နေတဲ့အတွက်ကြောင့် ဗြိတိန်နိုင်ငံမှာ ဘုန်းကြီးတို့လည်း ပြန်ပြီးတရားစွဲနိုင်သလို နိုင်ငံတကာဥပဒေအရ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာတွေကိုလည်း တိုင်ကြားနိုင်သလို ကမ္ဘာ့ကုလသမဂ္ဂရဲ့ အောက်မှာရှိတဲ့ ကမ္ဘာ့တရားရုံးတွေကလည်း ဘုန်းကြီးတို့ တရားစွဲဆိုနိုင်တာပါပဲ၊ ဥပဒေပညာရှင်နဲ့ တိုင်ပင်ပြီးတော့ လုပ်မှာပေါ့နော်"
အင်္ဂလန်ဆရာတော် ဦးဥတ္တရဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဋ္ဌအပါအဝင် သံဃာအပါး ၂ဝ ကို ဗဟန်းနဲ့ တာမွေမြို့နယ်တရားရုံးတွေမှာ တရားစွဲဆိုဖို့ ကြိုးစားခဲ့ပေမဲ့ ပယ်ချခံထားရပါတယ်။
မဟာသန္တိသုခကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရ၊ ဦးတေဇိန္ဒ၊ ဦးသုန္ဒရ၊ ဦးနန္ဒိယနဲ့ ဦးပညာဝရတို့ကို ပြည်ထဲရေး၊ သာသနာရေးနဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ညက ၀င်ရောက်ဖမ်းဆီးပြီး သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

သံဃာ့မဟာနာယကအပေါ် တရားစွဲဆိုမှု မြို့နယ်တရားသူကြီး ပယ်ချ
Reviewed by သစ်ထူးလွင်
on
03:20
Rating: