ထရီပိုလီ လေဆိပ်ကို စစ်သွေးကြွတွေ သိမ်းယူ

လစ်ဗျား နိုင်ငံ ထရီပိုလီ နိုင်ငံ တကာ လေဆိပ် ကို သိမ်းယူဖို့ တလကြာ တိုက်ခိုက် နေတဲ့ အစ္စလာမ်မစ် လက်နက်ကိုင် မဟာမိတ် တပ်ပေါင်းစု ဆိုတဲ့ စစ်သွေးကြွ တွေ ဟာ အခုတော့ လေဆိပ်ကို သိမ်းယူ လိုက်ပြီ ဖြစ်တဲ့ အတွက် လစ်ဗျား ပါလီမန်သစ် ကနေ ဒီတိုက်ခိုက် သိမ်းပိုက်မှု အတွက် ရှုတ်ချ လိုက် ပါတယ်။

ဒီ စစ်သွေးကြွ တွေဟာ အကြမ်းဖက် သမားတွေ ဖြစ်တယ်လို့ ခေါ်ဆို လိုက်ပြီး နိုင်ငံရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေဟာ အဲဒီ သူတို့ကို ပစ်မှတ်ထား တိုက်ခိုက် ရမှာ ဖြစ်တယ်လို့ ပါလီမန်က ပြောပါတယ်။

အဲဒီ စစ်သွေးကြွ တပ်ပေါင်းစု အဖွဲ့တွေ ထဲမှာ အစ္စလာမ်မစ် စစ်သွေးကြွတွေ ပါဝင် သလို၊ မစ်ရာတာ မြို့ က တိုက်ခိုက်ရေး သမားတွေ လည်း ပါဝင် နေတာ ဖြစ်ပါ တယ်။

အဲဒီ အထဲက ပြောခွင့်ရသူ ကတော့ အခု လစ်ဗျား ပါလီမန်သစ် ဟာ တရား မဝင် ဘူးလို့ ဆိုပါတယ်။ ဒီအတွက် အစ္စလာမ်မစ်တွေ လွှမ်းမိုး ထားမယ့် အထွေထွေ အမျိုးသား ကောင်စီ အုပ်ချုပ်ရေး အဖွဲ့ကို ပြန်ဖွဲ့ဖို့ တိုက်တွန်း လိုက် ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/08/140824_libya_airport.shtml

လစ်ဗျား ပါလီမန်သစ် ကနေ ဒီတိုက်ခိုက် သိမ်းပိုက်မှု အတွက် ရှုတ်ချ လိုက် ပါတယ်

ထရီပိုလီ လေဆိပ်ကို စစ်သွေးကြွတွေ သိမ်းယူ ထရီပိုလီ လေဆိပ်ကို စစ်သွေးကြွတွေ သိမ်းယူ Reviewed by သစ်ထူးလွင် on 03:28 Rating: 5
Powered by Blogger.