နေပြည်တော်၊ သြဂုတ် ၃
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ ညနေ ၅ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်၊ ဖလံပင်ကျေးရွာတွင် ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ နတ်မောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ ၎င်းကျေးရွာနေ နက်တူး(ခ)သန်းနိုင်ဝင်း(၂၁)နှစ်မောင်းနှင်ပြီး အောင်ကြည်စိန်(၁၉)နှစ်လိုက်ပါလာသည့် ကန်ဘို ၁၂၅ အနက်ရောင်ဆိုင်ကယ်သည် ဘုရားဝိုင်းအနီးအရောက် မန်ကျည်းမြစ်အား ၀င်ရောက်တိုက်မိကာ ဆိုင်ကယ်တိမ်းမှောက်ရာ နက်တူး(ခ)သန်းနိုင်ဝင်းတွင် ဦးခေါင်းယာချိုစောင်းပေါက်ပြဲဒဏ်ရာ၊ ယာလက်ဖျံပွန်းပဲ့ဒဏ်ရာ၊ ယာနား/နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အောင်ကြည်စိန်တွင် ယာမျက်ခုံးပေါက်ပြဲ၊ ယာမျက်ကွင်းညိုမဲဒဏ်ရာ၊ ယာပါးပွန်းပဲ့ ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် နက်တူး(ခ)သန်းနိုင်ဝင်းအား နတ်မောက် မြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

ဓါတ်ပုံ - အင်တာနက် |
မန်ကျည်းမြစ်အား ဆိုင်ကယ်ဖြင့်တိုက်မိ တိမ်းမှောက်သဖြင့် သေဆုံး၊ ဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
22:36
Rating: