နေပြည်တော်၊ သြဂုတ် ၂၄
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၃ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၄၀/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နေ ဦးငွေထွန်း(၅၅)နှစ်မောင်းနှင်လာသည့် ဈ/xxxx လင့်ခရူဇာယာဉ် ယာဘက်ရှေ့ဘီးဘောကွဲပြီး ကားပျက်နေသဖြင့် ကိုတူး မောင်းနှင်သည့် န/xxxx ကရိန်း(၆)ဘီး ယာဉ်ဖြင့် မိုင်တိုင်အမှတ်(၆၀/၆)မှ စတင်ဆွဲလာစဉ် မိုင်တိုင်အမှတ်(၄၀/၃-၄)ကြားသို့အရောက် မန္တလေးဘက်မှရန်ကုန်ဘက်သို့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နေ ကျော်စည်သူ(၃၇)နှစ်မောင်းနှင် လာသော 9F/4366 ““နန်းထိုက်တော်ဝင်””ခရီးသည်တင်မှန်လုံယာဉ်က အရှိန်မထိန်းနိုင်ဘဲ နောက်မှ ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယာဉ်တိုက်မှုကြောင့် လင့်ခရူဇာယာဉ်ပေါ်တွင်လိုက်ပါ လာသည့် ပဲခူးမြို့နယ်၊ ဘုရားကြီးရွာနေ ကိုသက်နိုင်စိုး(၂၈)နှစ်မှာ ယာခြေကျင်းဝတ်/၀ဲပေါင်ကျိုး ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး လင့်ခရူဇာယာဉ်မောင်း ငွေထွန်းနှင့် ““နန်းထိုက်တော်ဝင်””ခရီးသည်တင်မှန်လုံယာဉ်ပေါ်တွင်လိုက်ပါလာသည့် မကွေးမြို့၊ ကန်သာရပ်ကွက်နေ ကိုထွန်းအောင်ကျော်(၂၉)နှစ်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ပဲခူးပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ကျော်စည်သူနှင့် ကိုတူး တို့ ၂ ဦးအား ဘောနတ်ကြီးအမြန်လမ်းရဲစခန်း ယာဉ်(ပ) ၂၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၂၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် ထွက်ပြေး တိမ်းရှောင်နေသူ ကိုတူးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

ကားပျက်၍ ကရိန်းယာဉ်ဖြင့်ဆွဲလာစဉ် ခရီးသည်တင်ယာဉ်က နောက်မှဝင်ရောက်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
03:50
Rating: