မဟာဗန္ဓုလလမ်းပေါ်၌ ယာဉ်တိုက်မှုနှစ်မှုဖြစ်ပွား

 ရန်ကုန် သြဂုတ် ၈

 ယနေ့ နံနက် ၄ နာရီခန့်က မဟာဗန္ဓုလလမ်းပေါ် လမ်းသစ်လမ်းထိပ်တွင် လမ်းလယ်ဓာတ်တိုင် ဝင်တိုက်သော ယာဉ်တိုက်မှုနှင့် နံနက်၎ နာရီခွဲဝန်းကျင်တွင် မဟာဗန္ဓုလလမ်းပေါ် ၁၄ လမ်းထိပ်တွင် ဆိုက်ကားတစ်စီးကို ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသည့် ယာဉ်တိုက် မှုနှစ်မှုဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်များကို မြင်တွေ့ခဲ့သူများက ဆိုသည်။

ယာဉ်မောင်း ပြည့်စုံစိုး(၂၇နှစ်) မောင်းနှင်လာသည့် ၇ဂ/--- ယာဉ် သည် မဟာဗန္ဓုလလမ်းလယ် ဓာတ် တိုင်အခြေအုတ်ခုံကို ဝင်တိုက်မိရာ ယာဉ်ငယ်အရှေ့ပိုင်း ပျက်စီးသွားပြီး ကားပေါ်ပါလာသူနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ပေးခဲ့ရသည်ဟု မြင်တွေ့ခဲ့ရသူတစ်ဦးက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီး အချိန်အနည်းငယ်အတွင်း အနောက်မှ အရှေ့သို့ မဟာဗန္ဓုလ လမ်းအတိုင်း မောင်းနှင်လာသော ခရီးသည်တင် ယာဉ်ငယ်တစ်စီးက ဆိုက်ကားကို ဝင်တိုက်မိရာ ဆိုက်ကားနင်းသူ ကိုသက်ခိုင် (၃၅ နှစ်)မှာ ဦးခေါင်းပိုင်းထိခိုက်ခဲ့ သဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။ တိုက်မိသည့်ယာဉ်မှာ ထွက်ပြေးမောင်းနှင်သွားကြောင်း မြင်တွေ့သူတစ်ဦးက ဆိုသည်။

ခင်ဆိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


မဟာဗန္ဓုလလမ်းပေါ်၌ ယာဉ်တိုက်မှုနှစ်မှုဖြစ်ပွား  မဟာဗန္ဓုလလမ်းပေါ်၌ ယာဉ်တိုက်မှုနှစ်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 16:52 Rating: 5
Powered by Blogger.