၈-၈-၂၀၁၄ ရက်နေ့ နံနက်(၁၀း၃၀)ချိန်ခန့်တွင် ပဲခူးမြို့၊ အမှတ်(၁)နယ်မြေ ရဲစခန်း အပိုင်၊ ကျောက်ကြီးစုရပ် ကွက် တွင် လူသေ အလောင်း တစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ သတင်းအရ အမှတ်(၁)နယ်မြေ ရဲစခန်းမှူးနှင့် အဖွဲ့သည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မျိုးမင်းအောင် အသက်(၂၅)နှစ် ၊ ပရိဘောဂလုပ်၊ (အတက်ရောဂါရှိ)၊ အနောက်ခေမာလမ်း၊ ကျေက်ကြီးစုရပ်ကွက်၊ ပဲခူးမြို့နေသူဖြစ် ကြောင်းသိရှိရပါသည်။
သေဆုံးသူနှင့် ပါတ်သက်၍ တစ်ရပ်ကွက်တည်းနေ ၄င်း၏ အစ်ကိုဝင်းကွဲ တော်စပ်သူ ကိုအောင်မင်းဦး အား မေးမြန်းရာ ကျောက်ကြီးစု ရပ်ကွက်၊ ရေအနက်(၃)ပေခန့်ရှိ အနောက်ခေမာလမ်းမအတိုင်းနေအိမ်သို့ ပြန်လာစဉ် သေဆုံးသူ မျိုးမင်းအောင် မှာ အတက်ရောဂါ ဖြစ်ကာ ရေထဲသို့ မှောက်လျှက်လဲကျ၍ ရေနစ်သေဆုံး သွားကြောင်း ပြောပြသည်။
သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သေမှုသေခင်းအမှတ်စဉ် ၂၀/၂၀၁၄ အရ ပဲခူးမြို့မစခန်းမှ အမှုရေးဖွင့်ထားကြောင်း သိရပါသည်။
ထို့အတူ ပဲခူးအမှတ်(၃)ရဲစခန်းအပိုင်၊ဥဿာမြို့သစ် (၇)ရပ်ကွက်၊ နတ်သျှင်နောင်လမ်းဘေးတွင် အမျိုးသား တစ်ဦးသေဆုံးနေကြောင်း သတင်းအရ အမှတ်(၃)နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် ဇော်ဇော်မောင် နှင့် အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်ခဲ့ရာ သေဆုံးသူမှာ လှဝင်း(ခ)မရမ်းသီး (၃၅)နှစ်၊ ၊ကျဘမ်းလုပ်၊ နတ်သျှင်နောင်(၁)လမ်း၊ ရပ်ကွက်ကြီး(၇)၊ဥဿာမြို့သစ်၊ ပဲခူးမြို့နေသူ ဖြစ်ကြောင်း သိရသည်။
၎င်း၏(အတူနေ)ဇနီးဖြစ်သူ မစု (၂၈)နှစ်အား မေးမြန်ရာ ၄င်း၏ အမျိုးသား သေဆုံးသူမှာ အရက်သေစာများအား အလွန်အကျွံသောက်စားပြီး နတ်သျှင်နောင် လမ်းဘေး ရေအနက်(၈)ပေ ကျော်ခန့်ရှိသော ရေမြောင်းအတွင်းသို ချော်လဲကျသွားသဖြင့် ပတ်ဝန်းကျင်သို့ အကူအညီတောင်းခံရာ ပတ်ဝန်းကျင်ရှိလူများမှ ၀ိုင်းဝန်း ဆယ်ယူခဲ့သော်လည်း မရမ်းသီး မှာ ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ ခြေဖျား/လက်ဖျားများ ပဲကြီးရေခွံတွန့်၊ နှာခေါင်းနှင့်ပါးစပ်မှ အရည်များထွက်လျှက် သေဆုံးနေ ပါသည်။
သေဆုံးမှုအား ရဲဆေးစာဖြင့် ပဲခူးဆေးရုံကြီးသို့ ပို့အပ်ခဲ့ပြီး လှဝင်း(ခ)မရမ်းသီး သေဆုံးခြင်းမှာဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သေမှုသေခင်း အမှတ်စဉ်(၁၇/၂၀၁၄)အရ ရေးဖွင့်ထားကြောင်း သတင်းရရှိသည်။
ကိုသန့် စင်
BY THIT HTOO LWIN

ပဲခူးတွင် တစ်နေ့တည်း အမျိုးသားနှစ်ဦး ရေနစ်သေဆုံး
Reviewed by သစ်ထူးလွင်
on
19:38
Rating: