တရုတ်တွင် အကြမ်းဖက်သမားဟု သံသယရှိသူ ၉ ဦးကို အသေဖမ်းဆီး

 တရုတ်နိုင်ငံ အနောက်မြောက် ဒေသက ရှင်ကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေမှာ အကြမ်းဖက်သမား လို့ သံသယရှိသူ ၉ ယောက်ကို ရဲက အသေဖမ်းခဲ့ပြီး တယောက်ကို အရှင်ဖမ်းမိတယ်လို့ နယ်မြေခံ ရဲအဖွဲ့က ပြောပါတယ်။

အဲဒီအဖွဲ့ကို ဇူလိုင်လ ၂၇ ရက်နေ့က ဖော်ထုတ်ခဲ့ပြီး သူတို့ကို ခြေရာခံတဲ့ နေရာမှာ နယ်ခံ တွေကလည်း ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၁ ရက်နေ့ နေ့ခင်း ၁၂ နာရီ ၁၅ မိနစ် အချိန်မှာ အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို ပြောင်းခင်းတခုမှာ ခြေရာခံမိခဲ့တယ်လို့ ဆိုပါတယ်။

နယ်ခံပြည်သူ ၃ သောင်းကျော်ရဲ့ အကူအညီနဲ့ ရဲအဖွဲ့က သံသယရှိသူတွေကို လူမနေတဲ့ အိမ်ဟောင်း တခုမှာ ဖမ်းဖို့ ကြိုးစားတဲ့အခါမှာ သူတို့က အဖမ်းမခံဘဲ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ခုခံခဲ့တယ်လို့ ဆိုပါတယ်။

ရဲက ပြန်လည် ပစ်ခတ်တဲ့အခါ အကြမ်းဖက်သမားလို့ သံသယရှိသူ ၉ ယောက် သေဆုံးခဲ့ပါတယ်၊ ရဲအဖွဲ့နဲ့ ကူညီတဲ့ ပြည်သူတွေဘက်က ဒဏ်ရာရတာ မရှိခဲ့ပါဘူးလို့ နယ်မြေခံ ရဲအဖွဲ့က ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/61542


တရုတ်တွင် အကြမ်းဖက်သမားဟု သံသယရှိသူ ၉ ဦးကို အသေဖမ်းဆီး  တရုတ်တွင် အကြမ်းဖက်သမားဟု သံသယရှိသူ ၉ ဦးကို အသေဖမ်းဆီး Reviewed by သစ်ထူးလွင် on 16:37 Rating: 5
Powered by Blogger.