ရခိုင် ပြည်နယ်၊ မြေပုံမြို့မှာ မြန်မာ နိုင်ငံ သား ဖြစ်ခွင့် လျှောက်ထား တဲ့ မွတ်စလင် တစ်ထောင် ကျော်ကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေနဲ့ အညီ လူတွေ့ စစ်ဆေး မေးမြန်း မှုကို မြို့နယ်အဆင့် အဖြစ် ဒီနေ့ စတင် စစ်ဆေး နေပါတယ်။
စစ်ဆေးပုံ အဆင့်ဆင့်နဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ အထဲမှာ ပါဝင်တဲ့ ရခိုင်ပြည်နယ် လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက အခုလိုပြောပါတယ်။
"သူတို့ အဖေ၊ အမေ၊ အဖိုး၊ အဘွားတွေရဲ့ အပြစ်တွေချည်းပဲ ပြောပြီးတော့ တို့ဆီမှာလျှောက် လွှာတင်ထားတာပေါ့နော် အဲ့လျှောက်လွှာကို ရုံးချုပ်မှာရှိတဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ ရှာဖွေပြီးတော့မှ အဲ့သူတို့ရဲ့ အဖေမှတ်တမ်း၊ အမေမှတ်တမ်းတွေထည့်၊ ထည့်ပြီးတော့မှ အမှုတွဲတည်ဆောက်ထားပြီးတော့မှ အဲ့တည်ဆောက်ထားပြီးသား အမှုတွဲတွေကို မြို့နယ်နိုင်ငံ သားစိစစ်ရေးအဖွဲ့ကနေပြီး ခေါ်ယူတွေ့ဆုံပြီးမှ တစ်ဦးချင်းမှတ်တမ်းနဲ့တိုက်ပြီး နည်းနည်းအပြင် မှာရှိတဲ့ အနေအထားတွေကို မှတ်တမ်းမှတ်ရာမှတ် မှန်မမှန်ပေါ့နော် တစ်ဦးချင်းရဲ့ အဖေ၊ အမေ ရှိမရှိ ဒါတွေစစ်ပေးတာပေါ့နော်"
မြန်မာနိုင်ငံသားဖြစ်ခွင့်လျှောက်လွှာတွေကို ဇွန်လ ၁၅ရက်နေ့မှာစတင် လက်ခံခဲ့တာဖြစ်ပြီး ဒီနေ့ကစပြီး နိုဝင်ဘာလမှာ အပြီး စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။
သူတို့ကို မြန်မာနိုင်ငံသားဖြစ်ခွင့် စစ်ဆေးပြီးသွားရင် အသိအမှတ်ပြု ကတ်ပြားထုတ်ပေးသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

မြေပုံမြို့မှာ နိုင်ငံသားလျှောက်ထားသူ တစ်ထောင်ကျော်ကို စတင်စိစစ်
Reviewed by သစ်ထူးလွင်
on
00:32
Rating: