သုဝဏ္ဏဘူမိ မြို့ဟောင်းအား ပွင့်လင်းရာသီ၌ ဆက်လက်တူးဖော်သွားမည်

 သုဝဏ္ဏဘူမိ မြို့ဟောင်း တည်ရှိရာ နေရာဟု ယူဆ ထားသည့် မွန်ပြည်နယ်၊ ဘီလင်း မြို့နယ်တွင်းရှိ ဝင်းကကျေးရွာ အနီးတဝိုက်တွင် လာမည့် ပွင့်လင်း ရာသီ၌ မြို့ဟောင်း တူးဖော်ရေး လုပ်ငန်းစဉ် များကို ဆက်လက်လုပ် ဆောင်သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုသေတနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ပြောသည်။

“သုဝဏ္ဏဘူမိ မြို့ဟောင်း ဆက်လက် ရှာဖွေ တူးဖော် သွားဖို့ ကျွန်တော်တို့ကို ပြည်ထောင်စု အစိုးရက တာဝန် ပေးထားတာ ရှိပါတယ်။ နိုဝင်ဘာလမှာ တူးဖော်ရေး လုပ်ငန်းစဉ် တွေကို ပြန်လည်အကောင်အထည် ဖော်သွားမယ်” ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန(နေပြည်တော်)လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောသည်။

အဆိုပါ မြို့ဟောင်း တူးဖော်ရေးအတွက် ပြည်ထောင်စုအစိုးရက ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍဍာရေးနှစ်တွင် သိန်း (၂၀ဝ) ချမှတ်ပေးခဲ့သဖြင့် တူးဖော်ရေး လုပ်ငန်းစဉ်များအား အကန့်အသတ် ဖြင့်သာ လုပ်ဆောင် နိုင်ခဲ့ကြောင်း ゞင်းက ဆက်ပြောသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍဍာရေး နှစ်တွင် ပြည်ထောင်စု အစိုးရမှ ချမှတ် ပေးခဲ့သည့် ဘတ်ဂျက်ကျပ်ငွေ သိန်း (၂၀ဝ) ဖြင့် ရှေးဟောင်း သုဝဏ္ဏ ဘူမိ တည်ရှိရာ နေရာဟု ယူဆ ရသည့် ကုန်း (၄၀) ရှိသည့် အနက် ကုန်း (၄) ခုကိုသာ တူးဖော် နိုင်ခဲ့သည်။

ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍဍာရေး နှစ်တွင်လည်း သုဝဏ္ဏဘူမိ မြို့ဟောင်း ပြန်လည် တူးဖော်ရေး အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရ ထံသို့ ဘတ်ဂျက်ငွေ တောင်းခံ ထားသော်လည်း ပမာဏကို မပြောကြား နိုင်သေးကြောင်း ဦးကျော်မျိုးဝင်းက ဆက်ပြောသည်။

သုဝဏ္ဏဘူမိ မြို့ဟောင်းအား ဆက်လက် တူးဖော် နိုင်ရေး အတွက် ပြည်နယ်အစိုးရ အနေဖြင့် ပြည်ထောင်စု အစိုးရ ထံမှ ချမှတ် ပေးမည့် ဘတ်ဂျက် ပမာဏအပေါ် မူတည်၍ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်း ဝန်ကြီး ဌာနဝန်ကြီးက ပြောသည်။

“ဇူလိုင်လ (၃) ရက်နေ့ မနက်တုန်းက ကျိုက်မရောမြို့မှာ သုဝဏ္ဏဘူမိ မြို့ဟောင်း တူးဖော် မှုနဲ့ ပတ်သက်ပြီး တော့ အလှူငွေ ပေးအပ်ပွဲတစ်ခု လုပ်ခဲ့တယ်။ အမျိုးသား လွှတ်တော်ရဲ့ ဒုက္ခသည်များနှင့် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ ခင်ရွှေက အဲဒီ သုဝဏ္ဏဘူမိ မြို့ဟောင်း တူးဖော်ဖို့ ရန်ပုံငွေဆိုပြီး မွန်ပြည်နယ်အစိုးရ အဖွဲ့ကို ကျပ်သိန်း (၃၀ဝ) လှူဒါန်း သွားခဲ့တယ်” ဟု မွန်ပြည်နယ် စီးပွား/စီမံ ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်ရေးမှ ရရှိ ထားသည့် မြို့ရိုး အထောက်အထားများ၊ အုတ်ခွက် ဘုရားများ၊ ဆင်းတုတော်များ စသည့် ရှေးဟောင်း ပစ္စည်း အမျိုးပေါင်း ၁၀ဝ ကျော်အား လက်ရှိ၌ မွန်ပြည်နယ် ယဉ်ကျေးမှု ပြတိုက်တွင် ထိန်းသိမ်းထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆိုသည်။

မွန်တို့၏ ရှေးဟောင်း မြို့ပြ နိုင်ငံ တစ်ခု အဖြစ် ယူဆထားရသည့် သုဝဏ္ဏဘူမိ မြိ့ဟောင်းအား ၁၉၈၄ ခုနှစ်တွင် တစ်ကြိမ် အနည်းငယ် စတင် တူးဖော်ခဲ့သည်ဟု သိရသည်။

၃၈ နှစ်ကြာ ရပ်နားခဲ့ရသည့် အဆိုပါသုဝဏ္ဏဘူမိမြို့ဟောင်းကို ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍဍာရေးနှစ်၌ ပြည်ထောင်စု အစိုးရက ယဉ်ကျေးမှု သုတေသန အဖွဲ့ကို ပြန်လည်တူးဖော်ခွင့် ပေးခဲ့ပြီး သုဝဏ္ဏဘူမိ မြို့ဟောင်း တည်ရှိမည့် နေရာဟု ယူဆ ရသည့် ကုန်းပေါင်း ၄၀ကျော်ကို ရှာဖွေ တွေ့ရှိထားကြောင်း ၂၀၁၃ ခုနှစ် ဧပြီလတွင် ကျင်းပသော ဝင်းက မြို့ဟောင်း သုသေတန ဟောပြောပွဲ၌ သုဝဏ္ဏဘူမိ မြို့ဟောင်း တူးဖော်ရေးလုပ်ငန်းစဉ်၌ ပါဝင်သူတစ်ဦး ဖြစ်သည့် သမိုင်းသုသေတီ ဆရာ ဦးစံဝင်းက ပြောကြားခဲ့သည်။

ရေးသားသူ: ဆူးခက်
လွတ်လပ်သောမွန်သတင်းအေဂျင်စီ
http://burglish.my-mm.org/latest/trunk/web/fontconv.htm

သုဝဏ္ဏ ဘူမိ မြို့ဟောင်း တူးဖော်ရေးကုန်း အမှတ် (၈) ၌ တူးဖော်ရေး လုပ်ငန်းစဉ်များ မြင်တွေ့ရစဉ်

သုဝဏ္ဏ ဘူမိ မြို့ဟောင်း တူးဖော်ရေးကုန်း အမှတ် (၇)

သုဝဏ္ဏဘူမိ မြို့ဟောင်း တူးဖော်နေမှု အခြေအနေအား ၂၀၁၃ ခုနှစ် ဧပြီလ၌ မွန်ပြည်နယ် စီးပွား/စီမံ ဝန်ကြီး ကြည့်ရှူခဲ့စဉ်။

သုဝဏ္ဏဘူမိ မြို့ဟောင်းအား ပွင့်လင်းရာသီ၌ ဆက်လက်တူးဖော်သွားမည်  သုဝဏ္ဏဘူမိ မြို့ဟောင်းအား ပွင့်လင်းရာသီ၌ ဆက်လက်တူးဖော်သွားမည် Reviewed by သစ်ထူးလွင် on 15:26 Rating: 5
Powered by Blogger.