အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ် လမ်းဘေးသို့ ထိုးကျ တိမ်းမှောက်၍ ၅ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ
နေပြည်တော်၊ သြဂုတ် ၁၀
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ မင်းလှ မြို့နယ်၊ ရွှေချောင်း တံတားအနီး၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ်(၂၃၇/၂)တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ရေနံမနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ပဒါန်းဘက်မှ မင်းတုန်းဘက်သို့ မင်းတုန်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဖိုးတုတ်(၃၇)နှစ်မောင်းနှင်လာသော ၄င/xxxxကင်တာ ခရီးသည်တင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ တိမ်းမှောက်သွားခဲ့ကြောင်း သိရှိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော မင်းတုန်းမြို့နယ်၊ ညောင်ကြပ်ရွာနေ မစန်းစန်းအေး(၃၈)နှစ်ပါ ကျား(၁)၊ မ(၄)ဦး၊ စုစုပေါင်း(၅)ဦးတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ညောင်ကြပ်ရွာနေ ဦးကျော်ဝင်း(၃၁)နှစ်ပါ ကျား(၅)ဦး၊ မ(၉)ဦး၊ စုစုပေါင်း(၁၄)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ဖိုးတုတ်အား ရေနံမနယ်မြေရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

မင်းလှ မြို့နယ်မှာ ခရီးသည်တင်ယာဉ် တိမ်းမှောက် ၅ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
18:10
Rating: