မော်လမြိုင် သြဂုတ် ၆
တစ်ဖက်နိုင်ငံမှ တရားမဝင် အကောက်အခွန်မဲ့ ခိုးသွင်းလာသည့် ဇိမ်ခံကားများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန် မှုကိုခံယူ၍ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး၊ သထုံ ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ ညွှန်ကြားချက် အရ မွန်ပြည်နယ်(၁ဝ)မြို့နယ်ရှိ မြို့နယ်အသီးသီးတွင် အကောက်ခွန်မဲ့ ဇိမ်ခံကားများကို ဖမ်းဆီးအရေးယူ လျက်ရှိသည်။
မြို့နယ်အသီးသီးရှိ အမှတ်(၉) ယာဉ်ထိန်း ဒုတိယရဲတပ်ဖွဲ့ခွဲမှူးရုံး (မော်လမြိုင်/သထုံ)ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်ဖွဲ့ဝင်များသည် တစ်ဖက်နိုင်ငံမှ နည်းမျိုး စုံဖြင့် ပြည်နယ်အတွင်းသို့ ခိုးသွင်းလာ သော ဇိမ်ခံကားများကို ၂ဝ၁၂ ခုနှစ် အတွင်း ကားစီးရေ ၇၉ စီး၊ ၂ဝ၁၃ ခုနှစ်အတွင်း ကား ၁၇ဝ စီးနှင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ် ၃ ရက်အထိ ၂၆ဝ စီးကို ဖမ်းဆီးပြီး မြို့နယ်အသီးသီးတွင် အမှုဖွင့်အရေး ယူထားသည်။
မြို့နယ်အသီးသီးတွင် အရေးယူ တရားစွဲတင်ပို့ထားခဲ့သော ဇိမ်ခံကား များအနက် အစီး(၁၅ဝ)ခန့်ကို ဘဏ္ဍာ တော်အဖြစ် မြို့နယ်တရားရုံးမှ သိမ်း ဆည်းထားရှိကြောင်း သိရသည်။
ဇိမ်ခံကားများသည် မော်လမြိုင်မြို့ နယ်နှင့် အခြားမြို့နယ်အတွင်း မောင်း နှင်သွားလာရာတွင် နေ့နံပါတ်တစ် မျိုး၊ ညနံပါတ်တစ်မျိုးဖြင့် မောင်းနှင် လျက်ရှိကြပြီး ယာဉ်တိုက်မှုများဖြစ် ခြင်း၊ လိုင်စင်ရှိ သကဲ့သို့ မောင်းနှင်နေ ခြင်းများကြောင့် သက်ဆိုင်ရာက အချိန်မီ အရေးယူတားဆီးခြင်းဖြစ် သည်ဟု သိရသည်။
News and Periodical Enterprise
http://www.moi.gov.mm/npe:zg/news/7/08/2014/id-12009

အကောက်ခွန်မဲ့ ဇိမ်ခံကားမျိုးစုံ အစီး(၂၆ဝ)ဖမ်းမိ
Reviewed by သစ်ထူးလွင်
on
02:16
Rating: